Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့​သောပြည်သူ့​နေအိမ်​ပေါင်းငါးသောင်းနီးပါးရှိလာ

မီးရှို့ဖျက်ဆီးခံရ၍ ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၄၈၄၆၃ လုံးအနက် စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၃၆၆၆၇ လုံးပါဝင်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၈၅၀၀ ကျော်ပါဝင်သည်။

(စစ်​ကောင်စီတပ်က ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလဆန်းတွင် မီးရှို့ဖျက်ဆီးခဲ့​သော စစ်ကိုင်းတိုင်းနှင့်မ​ကွေးတိုင်းမှ​​ကျေးရွာများနှင့် ​​နေအိမ်များ။ ။ဓါတ်ပုံ-PS ၊CJ)
(စစ်​ကောင်စီတပ်က ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလဆန်းတွင် မီးရှို့ဖျက်ဆီးခဲ့​သော စစ်ကိုင်းတိုင်းနှင့်မ​ကွေးတိုင်းမှ​​ကျေးရွာများနှင့် ​​နေအိမ်များ။ ။ဓါတ်ပုံ-PS ၊CJ)

▪︎စစ်ကိုင်းတိုင်းမှနေအိမ်သုံးသောင်းခွဲကျော်မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ် နှင့်စစ်ကာင်စီလက်အောက်ခံ အဖွဲ့အစည်းများကနိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထုနေအိမ် ၄၈၄၀၀ ကျော်(ငါး​သောင်းခန့်) မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က ယနေ့ ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဒီဇင်ဘာ ၃၁ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ကျေးရွာများမှ ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ယခုနှစ် ဇန်နဝါရီလအတွင်း၌လည်း ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။

(စစ်​ကောင်စီတပ်က ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလဆန်းတွင် မီးရှို့ဖျက်ဆီးခဲ့​သော စစ်ကိုင်းတိုင်းနှင့်မ​ကွေးတိုင်းမှ​​ကျေးရွာများနှင့် ​​နေအိမ်များ။ ။ဓါတ်ပုံ-PS ၊CJ)
(စစ်​ကောင်စီတပ်က ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလဆန်းတွင် မီးရှို့ဖျက်ဆီးခဲ့​သော စစ်ကိုင်းတိုင်းနှင့်မ​ကွေးတိုင်းမှ​​ကျေးရွာများနှင့် ​​နေအိမ်များ။ ။ဓါတ်ပုံ-PS ၊CJ)

မီးရှို့ဖျက်ဆီးခံရ၍ ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၄၈၄၆၃ လုံးအနက် စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၃၆၆၆၇ လုံးပါဝင်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၈၅၀၀ ကျော်ပါဝင်သည်။

Public Service Announcement
Public Service Announcement

ချင်းပြည်နယ်မှ နေအိမ် ၁၄၇၅လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကရင်နီ၊ ကရင်၊ကချင်နှင့် မန္တလေး အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်များမှ အိမ်ခြေ ၁၇၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် ပျူ​စောထီးကဲ့သို့လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်ပျက်စီးမှုများကိုData for Myanmar ကစာရင်းပြုစုထုတ်ပြန်လျက်ရှိရာ အချက်အလက် ကောက်ယူမှုကို သတင်းမီဒီယာများ၊ ဒေသခံရာ သတင်းပြန်ကြားရေး အဖွဲ့များက ဖော်ပြသည့် တိုက်ပွဲသတင်းများ၊ နေအိမ်မီးရှို့ခံရသည့် သတင်းများကို ရက်အလိုက် ဖြစ်စဉ်အလိုက် ပြန်လည်စိစစ်ပြီး ဒေသခံလူအခွင့်အရေးအဖွဲ့များ၊ စစ်ရှောင်ကူညီရေးအဖွဲ့များ က ထုတ်ပြန်သည့် စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း အသိပေးထားသည်။

မီးရှို့ခံရသော်လည်း အရေအတွက်နှင့် နေ့စွဲ မပြည့်စုံသည့် အချက်အလက်များကို ချန်ထားခဲ့ရ၍ မြေပြင်၌ စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီး​သော​နေအိမ်အ​ရေအတွက်မှာယခုစာရင်းထက်ပင်ပိုများနိုင်ကြောင်းလည်းအသိ​ပေးထားသည်။

ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကိုစစ်ကောင်စီတပ်ကမီးရှိုဖျက်ဆီး လုယက်အကြမ်းဖက်မှုမှာယခုလပိုင်းအတွင်း ​လျော့ကျမသွားဘဲ တိုး၍ပင်လုပ်နေဆဲဖြစ်သည်။ခုခံတွန်းလှန်မှု ပိုမိုအား​ကောင်းလာ​သော တနသာ်ရီတိုင်းတွင်စစ်​ကောင်စီတပ်က ယခင်ထက်ပို၍မီးရှို့ဖျက်ဆီးလာသည်ကိုလည်း​တွေ့ရသည်။

အာဏာသိမ်းစစ်​ကောင်စီသည် နိုင်ငံတစ်ဝန်း​ကျေးရွာများကိုမီးရှို့ဖျက်ဆီး​​နေသလို ရန်ကုန် ၊မန္တ​လေးမြို့စ​သောမြို့များတွင်လည်း ပြည်သူများ​၏​နေအိမ်​သောင်းနှင့်ချီ၍ ကျူး​ကျော်​နေအိမ် ၊တပ်ပိုင်​မြေတွင်​ဆောက်​သောအိမ်များဟုစွပ်စွဲကာ​​နေအိမ်များကို အကြမ်းဖက်ဖျက်ဆီး​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။