စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ရွာစဥ်လှည့် မီးရှို့နေချိန်တွင် မြို့ပေါ်ရှိ ရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Black Shadow PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇန်နဝါရီ ၁၄ ရက် ညနေ ၄နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချထားသော မြို့နယ်ရဲစခန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များက (၆၀) မမ၊ (၉၀) မမ၊ (၁၂၀) မမ စသည့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း Black Shadow PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ပစ်ခတ်တိုက်ခိုက်တာတော့ ၁ နာရီလောက်ကြာပါတယ်။ စစ်ကောင်စီတပ်တွေရှိတဲ့နား တစိဝိုက်ကျရောက်တယ်လို့ သိရတယ်။”ဟု Black Shadow PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Black Shadow PDF၊ Black Vote Fighter၊ Salingyi GZ-PDF၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၀) DRPA ပြည်သူ့တပ်မတော်နှင့် အခြားမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၆ ရက်ကတည်းက ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ပတ်အတွင်း ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံထားရသည်။
စစ်ကောင်စီတပ်ကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၂၀ ကျော်မှ ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရသည်။


















































