Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများ ၇နာရီခန့်ကြာ တိုက်ပွဲဖြစ်

ယမန်နေ့ (ဇန်နဝါရီ၂၇ ရက်)က တိုက်နယ်စွန်(စွန်) PDFအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် ပျူများ အထိုင်ချတပ်စွဲထားသည့် သလဲဘာကျေးရွာကို ဝင်ရောက်တိုက်ခိုက် မီးရှို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့က အသိပေးသည်။

(မဟာမိတ်အဖွဲ့မှ ရဲဘော်တစ်ဦးက လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်)
(မဟာမိတ်အဖွဲ့မှ ရဲဘော်တစ်ဦးက လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်)

▪️စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိပြီး ပျူစခန်းအချို့အားမီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သလဲဘာကျေးရွာရှိ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် တော်လှန်ရေးအင်အားစုများ အချိန် ၇နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်သေဆုံးမှုများရှိပြီး ပျူစခန်းအချို့အား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၇ ရက်)က တိုက်နယ်စွန်(စွန်) PDFအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် ပျူများ အထိုင်ချတပ်စွဲထားသည့် သလဲဘာကျေးရွာကို ဝင်ရောက်တိုက်ခိုက် မီးရှို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့က အသိပေးသည်။

ညနေ ၄နာရီ ၁၃ မိနစ်ခန့်တွင် သလဲဘာရွာအပြင် ရှိ ဘုန်းကြီးကျောင်း၌ အထိုင်ချနေသော စစ်ကောင်စီတပ်နှင့်ပျူ ၇၀ ကျော်ရှိသည့်နေရာသို့ (၈၀) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုဘက်ကလည်း လက်နက်ကြီး၊ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ညနေ ၄နာရီ မိနစ် ၅၀ ခန့်တွင် ဘုန်းကြီးကျောင်းမှ ကျေးရွာအတွင်းသို့ ဆုတ်ခွာသွားကြောင်း ၎င်းတာဝန်ခံက ပြော သည်။

Public Service Announcement

Public Service Announcement

မဟာမိတ်အဖွဲ့များကလည်း ရွာအခြေထိ လိုက်လံပစ်ခတ်ခဲ့ပြီး စနိုက်ပါနှင့် အပြန်အလှန်ပစ်ခတ် ကြရာ ညနေ ၅ နာရီ ၄၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး မဟာမိတ် ရဲဘော်တစ်ဦး လက်မောင်း ကျည်ရှပ်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ညနေ၆ နာရီ ၁၅မိနစ်တွင် ကျေးရွာရှိ ပျူစခန်းများကို မီးရှို့ခဲ့ပြီး ည ၈နာရီခန့်တွင် သလဲဘာမူး တံတားဘက်က ပြန်လည်ပစ်ခတ်ခဲ့၍ ထိပ်တိုက်ပစ်ခတ်ခဲ့ကြရာ ၃ နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ည၈ နာရီခွဲခန့်တွင် ကျေးရွာတွင်းဝင်ရောက်ပြီး ထပ်မံမီးရှို့ခဲ့ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ဘက်က စက်ကလေးတွေ RPG တွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့တွေဘက်ကလည်း လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်။

ည ၁၁ နာရီလောက်ထိ ဝင်ရသလောက် ဝင်ရောက်ပီး မီးရှို့ပြီး ပြန်လာခဲ့တယ်။”ဟု တိုက်နယ်စွန် (စွန်) PDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာများနိုင်သော် လည်း အတိအကျမသိရသေးကြောင်း ၎င်းကပြောသည်။

သလဲဘာကျေးရွာရှိ ပျူများအားစစ်ကောင်စီတပ်က လက်နက်တ​ပ်ဆင်ပေးထားပြီး စစ်အုပ်စုနှင့်ပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။