Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နယ်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများ ၇နာရီခန့်ကြာ တိုက်ပွဲဖြစ်

ယမန်နေ့ (ဇန်နဝါရီ၂၇ ရက်)က တိုက်နယ်စွန်(စွန်) PDFအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် ပျူများ အထိုင်ချတပ်စွဲထားသည့် သလဲဘာကျေးရွာကို ဝင်ရောက်တိုက်ခိုက် မီးရှို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့က အသိပေးသည်။

(မဟာမိတ်အဖွဲ့မှ ရဲဘော်တစ်ဦးက လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်)
(မဟာမိတ်အဖွဲ့မှ ရဲဘော်တစ်ဦးက လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်)

▪️စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိပြီး ပျူစခန်းအချို့အားမီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သလဲဘာကျေးရွာရှိ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် တော်လှန်ရေးအင်အားစုများ အချိန် ၇နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်သေဆုံးမှုများရှိပြီး ပျူစခန်းအချို့အား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၇ ရက်)က တိုက်နယ်စွန်(စွန်) PDFအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် ပျူများ အထိုင်ချတပ်စွဲထားသည့် သလဲဘာကျေးရွာကို ဝင်ရောက်တိုက်ခိုက် မီးရှို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့က အသိပေးသည်။

ညနေ ၄နာရီ ၁၃ မိနစ်ခန့်တွင် သလဲဘာရွာအပြင် ရှိ ဘုန်းကြီးကျောင်း၌ အထိုင်ချနေသော စစ်ကောင်စီတပ်နှင့်ပျူ ၇၀ ကျော်ရှိသည့်နေရာသို့ (၈၀) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုဘက်ကလည်း လက်နက်ကြီး၊ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ညနေ ၄နာရီ မိနစ် ၅၀ ခန့်တွင် ဘုန်းကြီးကျောင်းမှ ကျေးရွာအတွင်းသို့ ဆုတ်ခွာသွားကြောင်း ၎င်းတာဝန်ခံက ပြော သည်။

မဟာမိတ်အဖွဲ့များကလည်း ရွာအခြေထိ လိုက်လံပစ်ခတ်ခဲ့ပြီး စနိုက်ပါနှင့် အပြန်အလှန်ပစ်ခတ် ကြရာ ညနေ ၅ နာရီ ၄၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး မဟာမိတ် ရဲဘော်တစ်ဦး လက်မောင်း ကျည်ရှပ်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ညနေ၆ နာရီ ၁၅မိနစ်တွင် ကျေးရွာရှိ ပျူစခန်းများကို မီးရှို့ခဲ့ပြီး ည ၈နာရီခန့်တွင် သလဲဘာမူး တံတားဘက်က ပြန်လည်ပစ်ခတ်ခဲ့၍ ထိပ်တိုက်ပစ်ခတ်ခဲ့ကြရာ ၃ နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ည၈ နာရီခွဲခန့်တွင် ကျေးရွာတွင်းဝင်ရောက်ပြီး ထပ်မံမီးရှို့ခဲ့ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ကျွန်တော်တို့ဘက်က စက်ကလေးတွေ RPG တွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့တွေဘက်ကလည်း လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်။

ည ၁၁ နာရီလောက်ထိ ဝင်ရသလောက် ဝင်ရောက်ပီး မီးရှို့ပြီး ပြန်လာခဲ့တယ်။” ဟု တိုက်နယ်စွန် (စွန်) PDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာများနိုင်သော် လည်း အတိအကျမသိရသေးကြောင်း ၎င်းကပြောသည်။

သလဲဘာကျေးရွာရှိ ပျူများအားစစ်ကောင်စီတပ်က လက်နက်တ​ပ်ဆင်ပေးထားပြီး စစ်အုပ်စုနှင့်ပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

စစ်ကောင်စီသည် ကျဆုံးခန်းမြင်နေရပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်ပြောင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံသင့်ပြီဟု အဆိုပါအဖွဲ့က ဆိုသည်။

သတင်း

သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက ၅၉၄ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးတို့ဖြင့် အများဆုံးစာရင်းဝင်ခဲ့ပြီး ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသောတိုက်ပွဲ၌ မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)မှ ရဲဘော် ငါးဦးကျဆုံးခဲ့ရသည်။

သတင်း

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း​ ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။