Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် တောပုပျူစခန်းတိုက်ခိုက်ရာ သုံးဦးသေဟု PDFပြော

တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။

မုံရွာမြို့နယ် တောပုပျူစခန်းတိုက်ခိုက်ရာ သုံးဦးသေဟု PDFပြော
မုံရွာမြို့နယ် တောပုပျူစခန်းတိုက်ခိုက်ရာ သုံးဦးသေဟု PDFပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးစခန်းရှိရာ တောပုကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပတ်နေသော ပျူသုံးဦးသေဆုံးကြောင်း Special Force-11 (PDF) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၃ရက် ည ၉နာရီခန့်က စစ်ကောင်စီတပ်နှင့်ပျူများ စခန်းအထိုင်ချထားသော တောပုရွာသို့ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပတ်နေသော ပျူ သုံးဦး နေရာတွင် ပွဲချင်းပြီးသေဆုံး၍ ဒဏ်ရာပြင်းထန်သူ အများအပြားရှိကြောင်း Special Force-11 (PDF)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါဒဏ်ရာများကြောင့် ထပ်မံသေဆုံးမှုများရှိနိုင်ပြီး စခန်းနှင့် ပျူအဖွဲ့ဝင်များ၏ ပစ္စည်းများလည်း အပျက်အစီးများကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ပျူတွေနေတဲ့ နေရာလည်း ထိခိုက်ပျက်စီးတယ်ဗျ။ လပြည့်နေ့အတွက် အပျော်အပါးလုပ်ဖို့ရာ ညကင်းပက်နေတဲ့ပျူ သုံးကောင်လည်း နေရာမှာတင်ပွဲချင်းပြီး သေဆုံးတယ်။ ကျန်တဲ့ ပျူအများအပြား ထိခိုက်ဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ သေနိူင်ခြေများတယ်။ လက်နက်ကြီးပစ်တဲ့အချိန်က ည ၉နာရီလောက်က စပစ်တာ။ ည ၁၁ ဝန်းကျင်အထိ အချိန်အားဖြင့် ခန့်မှန်း ၂နာရီ နီးပါး ကြာပါတယ်”ဟု Special Force-11 (PDF) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Special Force-11 (PDF) နှင့် Monywa Dynamite-Special Task Force၊ Special Guerrilla Force (SGF) Monywa၊Aung San Force တပ်ရင်း-(၅) ၊ BLack Wolf Defense Force Monywွa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆင်ရေးတွင် Monywa ဗန္ဓုလနှင့်အဖွဲ့သားများ (LDF)၊Monywa Specialဒိတ်ဒိတ်ကြဲ (PDF)၊ PDF – South Monywa တို့ကလည်း ပူးပေါင်းကူညီခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ ၁ရက် ညကလည်း အဆိုပါ ပျူစောထီးများက (၆၀)မမ လက်နက်ကြီးတစ်လုံး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် တောပုကျေးရွာ၏ အနောက်ဘက်ရှိ ကျေးရွာများဘက်သို့ကျကာ အသက်(၈၈)နှစ်အရွယ် အဘွားတစ်ဦး ယာဘက်ရင်အုံတွင် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း မုံရွာဒေသခံအချို့က ပြောသည်။

တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။