Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ် တောပုပျူစခန်းတိုက်ခိုက်ရာ သုံးဦးသေဟု PDFပြော

တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။

မုံရွာမြို့နယ် တောပုပျူစခန်းတိုက်ခိုက်ရာ သုံးဦးသေဟု PDFပြော
မုံရွာမြို့နယ် တောပုပျူစခန်းတိုက်ခိုက်ရာ သုံးဦးသေဟု PDFပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးစခန်းရှိရာ တောပုကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပတ်နေသော ပျူသုံးဦးသေဆုံးကြောင်း Special Force-11 (PDF) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၃ရက် ည ၉နာရီခန့်က စစ်ကောင်စီတပ်နှင့်ပျူများ စခန်းအထိုင်ချထားသော တောပုရွာသို့ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပတ်နေသော ပျူ သုံးဦး နေရာတွင် ပွဲချင်းပြီးသေဆုံး၍ ဒဏ်ရာပြင်းထန်သူ အများအပြားရှိကြောင်း Special Force-11 (PDF)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါဒဏ်ရာများကြောင့် ထပ်မံသေဆုံးမှုများရှိနိုင်ပြီး စခန်းနှင့် ပျူအဖွဲ့ဝင်များ၏ ပစ္စည်းများလည်း အပျက်အစီးများကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ ပျူတွေနေတဲ့ နေရာလည်း ထိခိုက်ပျက်စီးတယ်ဗျ။ လပြည့်နေ့အတွက် အပျော်အပါးလုပ်ဖို့ရာ ညကင်းပက်နေတဲ့ပျူ သုံးကောင်လည်း နေရာမှာတင်ပွဲချင်းပြီး သေဆုံးတယ်။ ကျန်တဲ့ ပျူအများအပြား ထိခိုက်ဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ သေနိူင်ခြေများတယ်။ လက်နက်ကြီးပစ်တဲ့အချိန်က ည ၉နာရီလောက်က စပစ်တာ။ ည ၁၁ ဝန်းကျင်အထိ အချိန်အားဖြင့် ခန့်မှန်း ၂နာရီ နီးပါး ကြာပါတယ်” ဟု Special Force-11 (PDF) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Special Force-11 (PDF) နှင့် Monywa Dynamite-Special Task Force၊ Special Guerrilla Force (SGF) Monywa၊Aung San Force တပ်ရင်း-(၅) ၊ BLack Wolf Defense Force Monywွa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆင်ရေးတွင် Monywa ဗန္ဓုလနှင့်အဖွဲ့သားများ (LDF)၊Monywa Specialဒိတ်ဒိတ်ကြဲ (PDF)၊ PDF – South Monywa တို့ကလည်း ပူးပေါင်းကူညီခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ ၁ရက် ညကလည်း အဆိုပါ ပျူစောထီးများက (၆၀)မမ လက်နက်ကြီးတစ်လုံး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် တောပုကျေးရွာ၏ အနောက်ဘက်ရှိ ကျေးရွာများဘက်သို့ကျကာ အသက်(၈၈)နှစ်အရွယ် အဘွားတစ်ဦး ယာဘက်ရင်အုံတွင် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း မုံရွာဒေသခံအချို့က ပြောသည်။

တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။

You May Also Like

သတင်း

(၄၀)မမ ကို ကယန်းဘာသာဖြင့်(Boung Khu)၊ မြန်မာ ဘာသာဖြင့်(ငှက်ပျောဖူး)အစရှိ၍ အမည်ပေးထားပြီး ဗုံးသီးတစ်လုံး၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် ငါးသောင်း ရှိမည်ဟု ဆိုသည်။

သတင်း

RPGအပါအဝင် လက်နက်ငယ်များဖြင့် ချိန်ပြီး စစ်ကောင်စီရဲများ နေရာယူထားသည့် ဂိတ်သို့ လမ်းလျှောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရဲများရှိသည့်နေရာသို့ မေးမြန်းဝင်ရောက်ရာ ဂိတ်ရှိ ရဲများက ခုခံပစ်ခတ်ခြင်းမပြုဘဲ အသာတကြည်ပင် ကော်ဘရာစစ်သည်များထံ လက်နက်အပ်နှံခဲ့သည်။

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။