Connect with us

Hi, what are you looking for?

သတင်း

ကန်ပြားရဲစခန်းကိုPDFများစီးနင်းတိုက်ခိုက်၊စစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်​သေဆုံးဟု NUG ကာကွယ်​ရေးထုတ်ပြန်

ယခုရက်ပိုင်းအတွင်း ​ဒေသအနှံ့တွင် စစ်​ကောင်စီ၏ တပ်စခန်းမျိုးစုံကို​တော်လှန်​ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်​နေသည်ကို​တွေ့ရသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)

ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်က မင်းဘူးခရိုင်ရှိ စစ်​ကောင်စီ၏ကန်ပြားရဲစခန်းအားစီးနင်းတိုက်ခိုက်ရာ စစ်​ကောင်စီ၏လက်နက်ကိုင်တပ်သား ၃၀ ဦးခန့်​သေဆုံးထိခိုက်ခဲ့​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်သည်။

၂ဖေဖော်ဝါရီလ (၈)ရက်နေ့၊ ည၉နာရီခန့်က မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ စစ်​ကောင်စီ၏ကန်ပြားရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မင်းဘူးခရိုင်) တပ်ရင်းအမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊မင်ဘူး(ပကဖ)နှင့်ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်​ကောင်စီတပ်သား(၃၀) ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့​ကြောင်း​ဖော်ပြထားသည်။

စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံးထိခိုက်မှုကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ထိုအပြင် ရဲစခန်းအတွင်းရှိ ဘားတိုက်နှင့်နေရာအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရဲစခန်းကိုတိုက်ခိုက်စီးနင်း​နေချိန်တွင်ရန်သူ့တပ်ဘက်မှ စစ်ကူအင်အားများထပ်မံရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်းက အထိအခိုက်အကျအဆုံး(လုံးဝ) မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါပေးခဲ့သည်ဟုလည်းကာကွယ်​ရေးဝန်ကြီးဌာနကအသိ​ပေးထားသည်။

ယခုရက်ပိုင်းအတွင်း ​ဒေသအနှံ့တွင် စစ်​ကောင်စီ၏ တပ်စခန်းမျိုးစုံကို​တော်လှန်​ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်​နေသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။