ကျဆုံးထောက်ပို့ရဲဘော် နော်အဲ့မူး သုံးသည့် ဂစ်တာ နှင့် ကော်ဘရာ စစ်ကြောင်းခေါင်းဆောင်နှစ်ဦး၏ မန်ယူဂျာဆီ ကို ကံစမ်းမဲဖွင့်လှစ်ရောင်းချမည်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌ တိုက်ပွဲဝင်နေသည့် ကော်ဘရာစစ်ကြောင်းအတွက် ပထမဆုံး ရံပုံငွေရှာဖွေမည့် ကမ်ပိန်းအစီစဉ်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။
“ မြေပြင်မှာ တိုက်ပွဲဝင်နေရတဲ့ စစ်ကြောင်းဖြစ်လို့ အများကြီးလဲ လက်ဆောင်ပြန်မပေးနိုင်ပေမယ့် အမှတ်တရဖြစ်စေချင်တာမလို့ ကျွန်တော်တို့စစ်ကြောင်းရဲ့ ရင်နှစ်သည်းခြာ၊ လက်စွဲတော် ဂစ်တာလေးနဲ့ ဗိုလ်ဒါဘောနဲ့ ကိုစောကော် နာမည်ပါတဲ့ သူတို့ကိုယ်တိုင်လဲ လက်မှတ်ထိုးပေးထားတဲ့ Official Manchester United Jersey (၂) ထည်ကို ကံစမ်းမဲဖွင့်လှစ်ရောင်းချပေးသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်” ဟု အသိပေးထားသည်။

ဂျာစီကို ပြန်ဝယ်လို့ရခဲ့သည့်တိုင် ဂစ်တာမှာ တန်ဖိုးဖြတ်လို့မရနိုင်တော့သည့် ကော်ဘရာ စစ်ကြောင်း ထောက်ပို့ အမျိုးသမီး မနော်အဲ့မူး နောက်ဆုံး လက်မှတ်ထိုး အသုံးပြုသွားသည့် ဂစ်တာဖြစ်ကြောင်း ထုတ်ပြန်သည်။
ထောက်ပို့ရဲဘော် မနော်အဲ့မူးသည် မြ၀တီ-ဝေါ်လေ လမ်းပိုင်း၌ စစ်ကောင်စီတပ်က တိုက်ခိုက်၍ ကျဆုံးခဲ့ရခြင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေး ရေး ရိက္ခာတင်ကားတစ်စီးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၂ရက်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ မနော်အဲ့မူး အပါအဝင် ရဲဘော် ၃ဦး ကျဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement
“မိဘပြည်သူများအနေနဲ့ ဒီကမ်ပိန်းမှာ တစ်ခဲနက်ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ကမ်ပိန်းကို ငါတို့နိုင်မှာ Facebook page ၌ တရားဝင်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့ပြီး ရောင်းချပေးမည့် Page Linkမှာ (https://www.facebook.com/WinningSquad2023?mibextid=LQQJ4d) ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို ကော်ဘရာ စစ်ကြောင်းနှင့်အတူWe Love Myanmar Family [ WLMF ] နှင့် Ride Behind Kalaw [ RBK ] ထောက်ပို့အဖွဲ့စည်းများမှ ပူးပေါင်းစီစဉ်ကြပြီး နိုင်ငံပေါင်း (၂၀) ကျော်ရှိ NUG အစိုးရအသိမှတ်ပြု Fund Raiser များမှ ပါဝင်အားဖြည့်ကူညီပေးကြမည်ဟု ထုတ်ပြန်သည်။

















































