Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် ရွာများကိုမီးပတ်ရှို့​နေ​သောစစ်တပ်ကိုPDF များတိုက်ခိုက်

လတ်တလောတွင် မြောက်နုန်းရွာဒေသခံများအတွက် အဝတ်အထည်နှင့် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေသည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

(စစ်​တပ်က ​ဖေ​ဖော်ဝါရီ ၂၈ ရက်နှင့် မတ်လ ၁ ရက်တွင် ရွာလုံးကျွတ်မီးရိူ့ခံခဲ့ရ​သော ကုန်းရွာကို​တွေရစဥ်။ ဓါတ်ပုံ-CJ)
(စစ်​တပ်က ​ဖေ​ဖော်ဝါရီ ၂၈ ရက်နှင့် မတ်လ ၁ ရက်တွင် ရွာလုံးကျွတ်မီးရိူ့ခံခဲ့ရ​သော ကုန်းရွာကို​တွေရစဥ်။ ဓါတ်ပုံ-CJ)

ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။

“ညကမီးရှို့တဲ့စစ်ကောင်စီကိုပြောက်ကျားအဖွဲ့နဲ့ဝင်လုံးတာ။စစ်ကောင်စီ အထိအခိုက်ရှိတယ်။ အလောင်းက အတည်မပြုနိုင်သေးတာ။ စစ်ကောင်စီက မီးရှို့သွားလို့ ရွာကတော့ အကုန်ကုန်သွားတယ်”ဟု ယင်းမာပင်မြို့အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောသည်။

ယင်းမာပင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သည် ​​ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။ မြောက်နုံးရွာနှင့် ကျွဲကြားရွာအနီးတွင် တစ်ကြိမ်၊ မြောက်နုံးရွာထိပ်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပြီးမတ်လ ၃ရက် ညနေဘက်တွင် စစ်ကောင်စီတပ်က မြောက်နုံးရွာထဲသို့ ဝင်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တောက်လျှောက်လိုက်တိုက်နေတာ။ ညကလည်း တော်တော်လေး တိုက်ကြတယ်။ ကျွန်တာ်တို့ဘက်မှာ ပြင်းထန်ဒဏ်ရာမရှိပါဘူး။ ပွန်းတာပဲ့တာတော့ရှိပါတယ်။ စစ်တပ်ဖက်ကတော့ အကျအဆုံးရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​တပ်က ​ဖေ​ဖော်ဝါရီ ၂၈ ရက်နှင့် မတ်လ ၁ ရက်တွင် ရွာလုံးကျွတ်မီးရိူ့ခံခဲ့ရ​သော ကုန်းရွာကို​တွေရစဥ်။ ဓါတ်ပုံ-CJ)
(စစ်​တပ်က ​ဖေ​ဖော်ဝါရီ ၂၈ ရက်နှင့် မတ်လ ၁ ရက်တွင် ရွာလုံးကျွတ်မီးရိူ့ခံခဲ့ရ​သော ကုန်းရွာကို​တွေရစဥ်။ ဓါတ်ပုံ-CJ)

လတ်တလောတွင် မြောက်နုန်းရွာဒေသခံများအတွက် အဝတ်အထည်နှင့် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေသည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်းဆက်တိုက်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများလည်းပိုမိုပြင်းထန်နေသည်။

Public Service Announcement
Public Service Announcement

မတ်လ ၁ရက်ကလည်း ယင်းမာပင်မြို့၊ဇီးတောကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖက်က အမျိုးသမီးတပ်ဖွဲ့ဝင်အချို့အပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးပြီး လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ စစ်​ကောင်စီတပ်သည် အထိနာသည့်နာသည့် ​လေ​ကြောင်းစစ်ကူ​ခေါ်၍ပြန်လည်ခုခံ​နေခြင်းဖြစ်သည်။

ထိုအပြင်ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း ယင်းမာပင်မြို့နယ် ကုန်းရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား သုံးဦးကိုသတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။ မြောက်နုံးကျေးရွာတွင်လည်း အရပ်သားနှစ်ဦးကို စစ်ကောင်စီကသတ်ဖြတ်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။