Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် မီးရှို့ခံရသည့်ကျေးရွာအား PDFများက အိမ်တိုင်များလှူဒါန်း

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် ၄၁လုံး ဆုံးရှုံးခဲ့ရသော ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာရှိ ပြည်သူများအား တစ်ထပ်နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်တိုင်များ ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်အေဓီက ပြောသည်။

(မီးရှို့ခံရသည့်ကျေးရွာအား အိမ်တိုင်များလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-Burma Ranger)
(မီးရှို့ခံရသည့်ကျေးရွာအား အိမ်တိုင်များလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-Burma Ranger)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတစ်ရွာမှ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အိမ်တိုင်များ လှူဒါန်းခဲ့ကြောင်း BurmaRangers (ShweBo) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ပြောသည်။

(မီးရှို့ခံရသည့်ကျေးရွာအား အိမ်တိုင်များလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-Burma Ranger)
(မီးရှို့ခံရသည့်ကျေးရွာအား အိမ်တိုင်များလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-Burma Ranger)

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် ၄၁လုံး ဆုံးရှုံးခဲ့ရသော ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာရှိ ပြည်သူများအား တစ်ထပ်နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်တိုင်များ ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်အေဓီက ပြောသည်။

Public Service Announcement
Public Service Announcement

“လိုအပ်ချက်တွေကတော့များတယ်။ ကျွန်တော်တို့လည်း စစ်ရေးကတစ်ဖက် ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်ရောဘက်စုံ ကြိုးစားနေပါတယ်။ အစားအစာ၊ အဝတ်အစား၊ ဆေးဝါး၊ သောက်သုံးရေ လိုအပ်ချက်တွေရှိပါတယ်။”ဟု ဗိုလ်အေဓီက ပြောသည်။

(မီးရှို့ခံရသည့်ကျေးရွာအား အိမ်တိုင်များလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-Burma Ranger)
(မီးရှို့ခံရသည့်ကျေးရွာအား အိမ်တိုင်များလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-Burma Ranger)

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပေါင်း ၄၃,၂၉၂ လုံးအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။