Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်-ကသာလမ်းတွင်စစ်တပ်ယာဥ်တန်းကို PDFများမိုင်းဆွဲတိုက်ခိုက်

ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-TPDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-TPDF)

ထီးချိုင့်-ကသာလမ်းပိုင်းတွင် အစီးရေ ၄၀​ကျော်ပါ​သော စစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးနေရာခွဲ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း အထိနာခဲ့ကြောင်း ဒေသခံများကပြောသည်။

ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

” ဇီးကုန်းရွာရွာတောင်ကျော်မှာတစ်ခါ၊ မဲဟင်းရွာနဲ့နန့်အင်းရွာကြားမှာ တစ်ခါ၊ အဲ့ဒီရှေ့နားမှာတစ်ခါ မိုင်းဆွဲတာ။ ထိခိုက်မှု ရှိပေမယ့်ဒီကောင်တွေကအကုန်ကိစ္စဖျောက်(သဲလွန်စများကို​ဖျောက်)သွားတာမို့ အတိအကျမပြောနိုင်ပါဘူး” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီစစ်တပ်သည် ထီးချိင့်မြို့နယ်အတွင်းမြေပြင်မှစစ်ကြောင်းထိုးနေသလို ကသာနယ်ဘက်ကိုလည်း အင်းအားအများအပြားဖြည့်တင်းနေသည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထောက်ပို့ရဲဘော်များကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်နယ်မှထွက်ခွာသွားသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့( မတ်လ ၁၁ရက်) နေ့လည်တွင် ကသာမြို့နယ်ညောင်ခြေထောက်ရွာသို့ရောက်ရှိနေကြောင်းလည်းသိရသည်။

ကသာနှင့်ထီးချိုင့်နယ်စပ်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၇ရက်ကကသာမြို့နယ်ညောင်ခြေထောက်ရွာတွင် KIA နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်က ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People’s Springသတင်းဌာနသို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။