Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း ရဲတပ်ရင်းသင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုပစ်ခတ်၍ ပြည်သူတစ်ဦးဒဏ်ရာရ

အဆိုပါ စစ်ဆင်ရေးကို Thunderbird local Defense force၊ အညာညီနောင်တပ်ပေါင်းစု(ABCF)၊ တောင်သူလယ်သမား စစ်သည်တော် များအဖွဲ့၊ စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(တိုက်ခိုက်ခံရသည့် သင်တန်းကျောင်းရှိရာ အမှတ်(၁၆)လုံခြုံရေးတပ်ဖွဲ့ခွဲအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(တိုက်ခိုက်ခံရသည့် သင်တန်းကျောင်းရှိရာ အမှတ်(၁၆)လုံခြုံရေးတပ်ဖွဲ့ခွဲအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️ဆားတောင်ရဲစခန်းရဲများ ကင်းပတ်ထွက်လာစဥ် မိုင်းထိပြီး သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရဲတပ်ရင်းသင် တန်းကျောင်းအား ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Thunderbird local Defense forceအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (မတ်လ ၁၃ ရက်) ညနေ ၃ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ် မုံရွာ – မန္တလေးလမ်းဘေးရှိ ရဲတပ်ရင်းအမှတ် (၁၆)သင်တန်းကျောင်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Thunderbird local Defense forceအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲတပ်ရင်းဘက်က ပြန်လှန်ပစ်ခတ်ခဲ့​သော်လည်း ရဲဘော်များအထိအခိုက်မရှိဘဲ ဆုတ်ခွာခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“၁၅မိနစ်​ကျော်ကြာခဲ့တယ်။ ရဲတပ်ရင်းသင်တန်းကျောင်းကို အဓိကပစ်ခတ်ခဲ့တာ။ ကံတလူဂိတ် စောင့်ရဲတွေရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်မိတယ်ကြားတယ်။”ဟု Thunderbird Local Defense Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Thunderbird local Defense force၊ အညာညီနောင်တပ်ပေါင်းစု(ABCF)၊ တောင်သူလယ်သမား စစ်သည်တော် များအဖွဲ့၊ စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

အလားတူ ဆားတောင်မြို့ ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲများမိုင်းဆွဲခံရကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲ သုံးဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။

မတ်လ ၁၀ ရက် နံနက် ၁၀နာရီခွဲခန့်က ဆားတောင်ရဲစခန်းမှ ဆိုင်ကယ်လေးစီးဖြင့် ကင်းပတ်ထွက် လာသည့် ရဲများကို ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ ၂နာရီခန့်ကြာမြင့်ခဲ့ပြီး ဆားတောင်မိုးကြိုးအဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

အခင်းဖြစ်ရာနေရာသို့ စစ်ကိုင်း တပ်မ(၃၃) မစစ်ကူလာသည့် အင်အားအပြည့်လိုက်ပါလာသော စစ်ကောင်စီ စစ်ကားကြီးတစ်စီးကို မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရွှေဘို-မန္တလေးလမ်းပေါ်၊ ဆားတောင်နှင့် အုန်းတောကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကားပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၅ ရက်ကလည်း တနင်္သာရီမြို့နယ်ရှိ အောင်သာဝစစ်ကောင်စီတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

သတင်း

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။

သတင်း

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

သတင်း

မုံရွာ - မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။