Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၂၅ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြ၀တီရှိ စစ်ကောင်စီတပ်ဂိတ်နဲ့ တပ်စွဲရာနေရာကို ပူးပေါင်းတပ် ဝင်တိုက်

ကရင်ပြည်နယ် မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီဂိတ်နဲ့ တပ်စွဲရာနေရာကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးခဲ့ပြီး လက်နက် ၂၀ ခန့် ရရှိတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက် ၉ နာရီကျော်အချိန်ထိ မြ၀တီမှာ ပစ်ခတ်မှုဖြစ်နေတယ်လို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မြန်မာဘက်ခြမ်း မြဝတီမှာ အခုလို ပစ်ခတ်မှုဖြစ်ခဲ့လိို့ ထိုင်းဘက်ခြမ်း မဲဆောက်မြို့မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

▪️စစ်အာဏာရှင်က မြန်မာပြည်သူများကို နာကျင်မှုနဲ့ အတိဒုက္ခများသာ ဆက်လက်ပေးနေဟု ကန်နိုင်ငံခြားရေးဝန်ကြီး ကြေညာ

စစ်အာဏာရှင်အဖွဲ့အစည်းဟာ မြန်မာပြည်သူများကို နာကျင်မှုနဲ့ အတိဒုက္ခများသာ ဆက်လက်ပေးနေပြီး စစ်အာဏာရှင်အဖွဲ့အစည်းက အသုံးပြုတဲ့ အရင်းအမြစ်များကို ဖြတ်တောက်တဲ့ အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ကြေညာပါတယ်။ အမေရိကန်အစိိုးရဟာ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ကြမ်းကြုတ်ရက်စက်မှုများအတွက် လေယာဉ်လောင်စာဆီအဝယ်တော်များနဲ့ စစ်တပ်ခရိုနီများကို ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများကို မနေ့က ထုတ်ပြန်ကြေညာပါတယ်။ မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းပေးနေသူ ထွန်းမင်းလတ်၊ ၎င်းရဲ့ ဇနီး ဝင်းမင်းစိုးတို့ နှစ်ဦးနဲ့ သူတို့ပိုင်ဆိုင်တဲ့ Star Sapphire ရဲ့ဆက်စပ် လုပ်ငန်း ၃ ခုရဲ့ နာမည်တွေအပြင် စစ်ကောင်စီအတွက် လေယာဉ်ဆီတွေ တင်သွင်းနိုင်ရေး ကွန်ရက်မှာ ထဲထဲဝင်ဝင် ကူညီ ပံ့ပိုးနေတဲ့ Asia Sun Group ၊ Asia Sun Trading ကုမ္ပဏီလီမိတက်နဲ့ Cargo Link Petroleum Logistics ကုမ္ပဏီတို့ကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့တာပါ။

▪️ဒေါတမကြီးတိုက်ပွဲ စစ်တပ်မှ အရာရှိအပါအဝင် ၉၀​ ကျော်​သေ

ကရင်နီပြည်နယ် ဒီးမာ့ဆိုအ​ရှေ့ခြမ်းရှိ​ဒေါတမကြီး ​ကျေးရွာတိုက်ပွဲမှာ ​လေးရက်အတွင်း စစ်​ကောင်စီတပ်မှ အရာရှိများအပါအဝင် ၉၀ ​ကျော်​သေဆုံးပြီး ၅၀ ​ကျော်ဒဏ်ရာရရှိ​တယ်လိို့ ကရင်နီအမျိုးသားကာကွယ်​ရေးတပ်(KNDF)က ဒီနေ့ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်နက်မျိုးစုံ( ၄၀)​ကျော်နဲ့ ခဲယမ်းများစွာသိမ်းဆည်းနိုင်ခဲ့​တယ်လိို့ ​ဖော်ပြထားပါတယ်။ ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကိို မတ်လ ၂၀ မှ ၂၃ ရက်အထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။

Public Service Announcement

Public Service Announcement

▪️ဘီးလင်း BGF စခန်း KNLA ပူးပေါင်းစစ်ကြောင်း သိမ်းပိုက်

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီ​ရဲ့ လက်ပါးစေ BGF တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး BGF တပ်သား ၆ ဦးသေဆုံးကာ သေနတ် ၅ လက်ရရှိတယ်လို့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KDက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF တပ်စခန်းကို KNLA၊PDF ပူးပေါင်းစစ်ကြောင်းနဲ့အတူ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF -KDမှ ရဲဘော်များပါဝင်ပူးပေါင်းပြီး မတ်လ ၂၂ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦး ဦးခေါင်းထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

▪️အုတ်ဖိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၆ ဦးသေဟုဆို

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက အုတ်ဖိုမြို့နယ် တာဝါတိုင်ရွာအနီးမှာ အင်အား(၃၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနဲ့ ချောင်းစောက်ကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားနဲ့ ခိုးယူသယ်ထုတ်သွားတယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။

(တာဝါတိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်)
(တာဝါတိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်)

▪️မြင်းမူမြို့စီးပွားရေးဘဏ်စောင့် စစ်ကောင်စီတပ်သားများကို မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများကိို လျက်ဆားပုလင်းမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လိို့ True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲ CDM ဗိုလ်စွန်ရဲက ပြောပါတယ်။ မနေ့ညက မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်တွင် ဘန်ကာနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားများကို ဘဏ်ရှေ့မှ လျက်ဆားပုလင်းမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ မနက် ၂ နာရီကျော််အထိ သေနတ်များနဲ့ မြို့တွင်းမြို့ပြင် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။

(မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

▪️ရွှေဘိုမှာ မီတာခကောက်ခံတဲ့ စစ်အုပ်စု မိုင်းထိပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ စက်မှုဇုန်အနီးမှာ လျှပ်စစ်မီတာခလိုက်လံကောက်ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ Buffalo Soldiers Freedom Force အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ရွှေဘိုလေ့ကျင့်ရေး (၈)မှ Center တစ်စီး၊ Mark 2 တစ်စီး၊ Pardo တစ်စီးတို့နဲ့ ထွက်လာတဲ့အင်အား ၂၀ ခန့်ပါစစ်ကောင်စီတပ်ဟာ မြောင်းကြီးကျေးရွာသို့ မီတာခလိုက်လံကောက်ခံရာ စက်မှုဇုန်နားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိတယ်လိို့ ဆိုပါတယ်။

(စစ်အုပ်စုအား တိုက်ခိုက််ရန်မိုင်းဆင်နေစဥ်။ ဓာတ်ပုံ-Buffalo Soldiers Freedom Force)
(စစ်အုပ်စုအား တိုက်ခိုက််ရန်မိုင်းဆင်နေစဥ်။ ဓာတ်ပုံ-Buffalo Soldiers Freedom Force)

ဆက်စပ်သတင်းများ