Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်အုပ်စုတပ်စွဲရာ ပျူရွာကို တာဝေးပစ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၇ ရက် ည ၁၀နာရီခွဲခန့်က ရေလယ်ကျွန်းရွာ(ပျူရွာ)ကို တာဝေးပစ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိုင်ချသော နေရာများသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း SBTF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SBTF ရဲဘော်များ။ ဓာတ်ပုံ - SBTF)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SBTF ရဲဘော်များ။ ဓာတ်ပုံ - SBTF)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ တပ်စွဲထားသော ရေလယ်ကျွန်းရွာ(ပျူရွာ)ကို တာဝေးပစ်လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force-SBTF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၇ ရက် ည ၁၀နာရီခွဲခန့်က ရေလယ်ကျွန်းရွာ(ပျူရွာ)ကို တာဝေးပစ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိုင်ချသော နေရာများသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း SBTF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆောက်အအုံများ ပျက်စီးနိုင်ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု SBTFက ခန့်မှန်းသည်။

ရေလယ်ကျွန်းရွာ၌ စစ်ကောင်စီတပ်က တစ်နှစ်ကျော်ကြား တပ်စွဲထားပြီး စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၁၀၀ခန့်ရှိကြောင်း၊ ​ဒေသခံအဖွဲ့များကဖိတ်ခေါ်၍ သွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SBTF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့က လက်နက်ကြီးအဖွဲ့တွေကို နေရာအသီးသီးချပြီး ဝိုင်းတိုက်ခိုက်ခဲ့တာ။ပျူရွာထဲက နေအိမ်အဆောက်အဦးတွေထိမှန်တာရှိသလို စကစနဲ့ပျူတွေလည်း ထိခိုက်မှု ရှိနိုင်ပါတယ်။ ကျွန်တော်တို့က ပွိုင့်တစ်ခုချင်းစီလှည့်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာ အချိန် တစ်နာရီကျော် ကြာမယ်။ သူတို့ဘက်ကလညတေ ဂမ်းငယ်တွေနဲ့လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ရှိတယ်။ ကျွန်တော်တို့ ရဲဘော်တွေနဲ့မလှမ်းမကမ်းမှာ ကျရောက်ပေါက်ကွဲပေမယ့် ရဲဘော်တွေ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်။”ဟု အထက်ပါ တာဝန်ခံကဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုအဖွဲ့များဖြစ်သော Salingyi Border Task Force-SBTF (ပ.က.ဖ) နှင့် Eagle Defense Force-EDF (ပ.က.ဖ) ၊BED ငညို ပြည်သူ့ကာကွယ်ရေးတပ်၊ မဲမှောင်ပျောက်ကြားတပ်၊ Fighter Brotherhood Guerrilla Army၊ Federal Democratic Revolution Forceနှင့်အတူ အခြားမဟာမိတ်များ ဖြစ်ကြသော DRPAရင်း၊ Black Shadow (DRPAခွဲ ၄)၊ Chindwin Myay တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းဖိုးကုန်ကျမှု များနေ၍ တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် SBTFက မေတ္တာရပ်ခံသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SBTF ရဲဘော်များ။ ဓာတ်ပုံ – SBTF)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး စစ်ကောက်စီတပ်သားများထံမှ လက်နက်ခိုးယူ၍ အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပါဟဲကျေးရွာတွင် ချောင်းရေတိုက်စား၍ ကျေးရွာအတွင်း ပျက်စီးမှုများရှိပြီး နေအိမ်အချို့ အရေးပေါ် ပြောင်းရွှေ့ရန် စီစဥ်နေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦးအား ပစ်သတ်ပြီး သေနတ်နှစ်လက်ယူဆောင် ထွက်ပြေးလာသည့် ပျူစောထီးနှစ်ဦး အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

ပြည်ပရောက် မြန်မာများအနေဖြင့်လည်း အိမ်ရှင်တိုင်းပြည်မှ ဒေသခံပြည်သူများနှင့် သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန် တောင်းဆို

Facebook