Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းကျေးရွာရဲကင်းစခန်းအား PDF ပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်၊ စစ်သားနှစ်ဦးသေ

တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ဝိုင်းရွာရဲကင်းစခန်းသို့ တပ်ကူများစေလွှတ်ခဲ့ရာ အင်အား ၆၀ ခန့်ထပ်မံရောက်ရှိနေကြောင်း စုံစမ်းသိရသည်။

(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄)မှ တော်လှန်ရေးရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄)မှ တော်လှန်ရေးရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ဝိုင်းကျေးရွာရဲကင်းစခန်းကို နွေဦးပိတောက်စစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၆ ရက်) ည ၉ နာရီခွဲခန့်တွင် ဝိုင်းကျေးရွာရဲကင်းစခန်းအား သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄)က ဦးဆောင်၍ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၁)နှင့် YOMA (GBK) ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရဲကင်းစခန်းစီးနင်းမှု နွေဦးပိတောက်စစ်ဆင်ရေးတွင် PDF ပူးပေါင်းတပ်များမှ (၆၀) မမ ဗုံးသီး ငါးလုံး၊ (၄၀) မမ ဗုံးသီး ခုနစ်လုံးတို့ဖြင့် ပစ်ခတ်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း PDF ပူး‌ပေါင်းတပ်ဖွဲ့များ ပစ်ခတ်သည့် (၄၀) မမ၊ (၆၀) မမ ဗုံးသီး ၁၂လုံးအနက်မှ ရဲစခန်းစည်းရိုး အပြင်ဘက်တွင် သုံးလုံးကျရောက် ပေါက်ကွဲ၍ ကျန်(၉)လုံးသည် စခန်းအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း တပ်ခွဲ (၄)မှ တာဝန် ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

“သေတာက နှစ်ကောင်ပါ။ ဒဏ်ရာရတာက ရဲပါ”ဟု ၎င်းက ရှင်းပြသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထိခိုက်သေဆုံးသည့်ပြင် ရဲကင်းဘန်ကာ၊ အချုပ်ခန်းဟောင်းနှင့် စခန်းထဲမှ ဓမ္မာရုံတဝက်တို့မှာ ပြိုကျပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရသည့် ဝိုင်ရွာရဲစခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် နှစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးသည်။

အထက်ပါစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့များမှ စခန်းသိမ်းနိုင်သည်အထိ အသာစီးတိုက်ခိုက်နိုင်ခဲ့သော်လည်း ဝိုင်းရဲကင်းစခန်းထံ စစ်ကူများရောက်ရှိလာခြင်း၊ လက်နက်ခဲယမ်း လိုအပ်ခြင်းများကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့သည် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄)က ပြောသည်။

တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ဝိုင်းရွာရဲကင်းစခန်းသို့ တပ်ကူများစေလွှတ်ခဲ့ရာ အင်အား ၆၀ ခန့်ထပ်မံရောက်ရှိနေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။