Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် အပူရှောင်သူများကြောင့် ဟိုတယ် များအခန်းပြည့်နေ၊ မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရ

မန္တလေးမြို့တွင် EPCမှ မီးတစ်ကြိမ်လာလျှင် ၃ နာရီခန့်သာအလွန်ဆုံးပေးပြီး မီးလာနေချိန်ပင် မကြာခဏပြတ်တောက်လေ့ရှိကြောင်း၊ ၂၄ နာရီလျှင် လျှပ်စစ်မီးရရှိချိန် ၆ နာရီပင်မရှိတော့ကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့တွင် အပူရှောင်သူများကြောင့် ဟိုတယ် များအခန်းပြည့်နေ၊ မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရ
မန္တလေးမြို့တွင် အပူရှောင်သူများကြောင့် ဟိုတယ် များအခန်းပြည့်နေ၊ မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရ

မန္တလေးမြို့တွင် အပူရှောင်သူများကြောင့် ဟိုတယ်များအခန်းပြည့်လျက်ရှိပြီး မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် ရာသီဥတုပူပြင်းနေချိန် အာဏာသိမ်းစစ်ကောင်စီ၏ လျှပ်စစ်ပေးဝေမှုအား အဆမတန်လျော့နည်းနေသောကြောင့် ငွေကြေးတက်နိုင်သူများက ၂၄ နာရီမီးစက်နှိုးပေးသော ဟိုတယ်များတွင် အပူရှောင်နေကြ၍ အခန်းများပြည့်နေကြောင်း မြို့ခံများက ပြောသည်။

“မနေ့ညက ဟိုတယ်ဆယ့်ငါးလုံးမက ပတ်ရှာတာ ဘယ်ဟိုတယ်မှကို အခန်းမရတော့တာ။ ဒါနဲ့မီးစက်တစ်ညလုံးနှိုးမပေးတဲ့ဟိုတယ်မှာပဲ အိပ်လိုက်ရတယ်။”ဟု ရန်ကုန်မြို့မှ မန္တလေးမြို့သို့လာရောက်သူ အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် EPCမှ မီးတစ်ကြိမ်လာလျှင် ၃ နာရီခန့်သာအလွန်ဆုံးပေးပြီး မီးလာနေချိန်ပင် မကြာခဏပြတ်တောက်လေ့ရှိကြောင်း၊ ၂၄ နာရီလျှင် လျှပ်စစ်မီးရရှိချိန် ၆ နာရီပင်မရှိတော့ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လျှပ်စစ်မီးမရရ၍ ရေအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု မြို့ခံတို့က ပြောသည်။

“မျက်နှာသစ်စရာ ရေကိုမရှိလို့ တစ်ရှုးအစိုနဲ့မျက်နှာသစ်နေရတယ်။”ဟု ချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ မန္တလေးမြို့တစ်ဖက်ကမ်း စစ်ကိုင်းမြို့တွင်လည်း လျှပ်စစ်မီးမရ၍ ရေအခက်အခဲကြုံနေရသောကြောင့် ဧရာဝတီမြစ်အတွင်းမှရေသယ်ယူကာ သုံးစွဲနေရကြောင်း သတင်းရရှိသည်။

နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ယမန်နေ့ (ဧပြီ၂၈ ရက်)တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက်ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။