Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့တွင် အပူရှောင်သူများကြောင့် ဟိုတယ် များအခန်းပြည့်နေ၊ မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရ

မန္တလေးမြို့တွင် EPCမှ မီးတစ်ကြိမ်လာလျှင် ၃ နာရီခန့်သာအလွန်ဆုံးပေးပြီး မီးလာနေချိန်ပင် မကြာခဏပြတ်တောက်လေ့ရှိကြောင်း၊ ၂၄ နာရီလျှင် လျှပ်စစ်မီးရရှိချိန် ၆ နာရီပင်မရှိတော့ကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့တွင် အပူရှောင်သူများကြောင့် ဟိုတယ် များအခန်းပြည့်နေ၊ မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရ
မန္တလေးမြို့တွင် အပူရှောင်သူများကြောင့် ဟိုတယ် များအခန်းပြည့်နေ၊ မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရ

မန္တလေးမြို့တွင် အပူရှောင်သူများကြောင့် ဟိုတယ်များအခန်းပြည့်လျက်ရှိပြီး မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် ရာသီဥတုပူပြင်းနေချိန် အာဏာသိမ်းစစ်ကောင်စီ၏ လျှပ်စစ်ပေးဝေမှုအား အဆမတန်လျော့နည်းနေသောကြောင့် ငွေကြေးတက်နိုင်သူများက ၂၄ နာရီမီးစက်နှိုးပေးသော ဟိုတယ်များတွင် အပူရှောင်နေကြ၍ အခန်းများပြည့်နေကြောင်း မြို့ခံများက ပြောသည်။

“မနေ့ညက ဟိုတယ်ဆယ့်ငါးလုံးမက ပတ်ရှာတာ ဘယ်ဟိုတယ်မှကို အခန်းမရတော့တာ။ ဒါနဲ့မီးစက်တစ်ညလုံးနှိုးမပေးတဲ့ဟိုတယ်မှာပဲ အိပ်လိုက်ရတယ်။”ဟု ရန်ကုန်မြို့မှ မန္တလေးမြို့သို့လာရောက်သူ အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် EPCမှ မီးတစ်ကြိမ်လာလျှင် ၃ နာရီခန့်သာအလွန်ဆုံးပေးပြီး မီးလာနေချိန်ပင် မကြာခဏပြတ်တောက်လေ့ရှိကြောင်း၊ ၂၄ နာရီလျှင် လျှပ်စစ်မီးရရှိချိန် ၆ နာရီပင်မရှိတော့ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လျှပ်စစ်မီးမရရ၍ ရေအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု မြို့ခံတို့က ပြောသည်။

“မျက်နှာသစ်စရာ ရေကိုမရှိလို့ တစ်ရှုးအစိုနဲ့မျက်နှာသစ်နေရတယ်။”ဟု ချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ မန္တလေးမြို့တစ်ဖက်ကမ်း စစ်ကိုင်းမြို့တွင်လည်း လျှပ်စစ်မီးမရ၍ ရေအခက်အခဲကြုံနေရသောကြောင့် ဧရာဝတီမြစ်အတွင်းမှရေသယ်ယူကာ သုံးစွဲနေရကြောင်း သတင်းရရှိသည်။

နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ယမန်နေ့ (ဧပြီ၂၈ ရက်)တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

ဆောင်းပါး

စစ်အတွင်းကာလဖြစ်နေသည်ကို မေ့လျော့နေပုံရသည့်မန္တလေးသည် သီတင်းကျွတ်ပွဲတော်များဖြင့် အုန်းအုန်းထခဲ့ပြီးနောက် ၁၀၂၇၏ နှုတ်ဆက်မှုကြောင့် မီးကိုရေနှင့်ငြှိမ်းလိုက်သလို ရုတ်ချည်းငြိမ်သက်သွား​တော့ သည်။

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။

သတင်း

ကျောင်း ချိတ်ပိတ်လိုက်တဲ့ ဓာတ်ပုံတွေနဲ့အတူ ပိုင်ရှင်အမျိုးသားကို ဖမ်းဆီးရမိတဲ့ ပုံတွေ လည်း စစ်ကောင်စီ ကလူမှုကွန်ရက်မှာဖြန့်ဝေထားတာတွေ့ရပါတယ်။