Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကြောင့် လူဦးရေ ၅သန်းကျော် ဘေးဒဏ်သင့်

မြေပြင်သတင်းတွေအရ စစ်ကိုင်းနဲ့ မကွေးတိုင်းဘက်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ရွာတွေ နဲ့ လယ်ကွင်းတွေရေမြှုပ်တာ ၊စိုက်ခင်းတွေ ပျက်စီးတဲ့အထိ ထိခိုက်ဆုံးရှုံးမှုတွေရှိနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ − UNOCHA
ဓာတ်ပုံ − UNOCHA

ဆိုင်ကလုန်း မုန်တိုင်းဖြတ်သန်းသွားတဲ့လမ်းကြောင်းက လူဦးရေ ၅ သန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ပြောဆိုလိုက်ပါတယ်။

မုန်တိုင်းဖြတ်သန်းသွားတဲ့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ဒေသတွေက သဘာဝဘေးဒဏ် ထိခိုက်ခံစားရသူဦးရေကို UNOCHA က ခန့်မှန်းတွက်ချက်ထားတာပါ။

အဲဒီလူဦးရေ ၅ သန်းကျော်ထဲမှာ ၃.၂ သန်းဟာ လူသားချင်းစာနာထောက်ထားမှုအရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့လည်းဆိုပါတယ်။

မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းမှာလည်း လူဦးရေ ၁သိန်းကျော်လောက် ဆိုးရွားတဲ့ ရေကြီးမှုဒဏ် ခံခဲ့ရတယ်လို့ UNOCHA က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်တို့မှာအရေးပေါ်ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးဖို့ စာရင်းစတင်ကောက်ယူနေတယ်လို့ UNOCHA ဘက်က ပြောထားပါတယ်။

မြေပြင်သတင်းတွေအရ စစ်ကိုင်းနဲ့ မကွေးတိုင်းဘက်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ရွာတွေ နဲ့ လယ်ကွင်းတွေရေမြှုပ်တာ ၊စိုက်ခင်းတွေ ပျက်စီးတဲ့အထိ ထိခိုက်ဆုံးရှုံးမှုတွေရှိနေတယ်လို့သိရပါတယ်။

ချင်းပြည်နယ်မှာဆိုရင်လည်း မနေ့ မေလ ၁၆. ရက် ညနေပိုင်းအထိစာရင်းတွေအရ လူနေအိမ်ခြေ ၇၀၀ နဲ့ ၈၀၀ ကြားထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

နိုင်ငံတကာ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။