Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းသင့်မြန်မာပြည်သူများအတွက် အာဆီယံ ၏အရေးပေါ်တုန့်ပြန်မှုအကူအညီများ ပေးပို့

ယခုအကူအညီပေးပို့မှုများမှာ ၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ကတိကဝတ်နှင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် မကြာသေးမီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်နှင့်အညီဖြစ်ကြောင်း ဖော်ပြသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- UN OCHA
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- UN OCHA

ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့်မြန်မာပြည်သူများအတွက် အာဆီယံ၏အရေးပေါ်တုန့်ပြန်မှုအကူအညီများကို ယနေ့(မေလ ၂၁ ရက်)တွင် ခရီးသည်တင်လေယာဥ်ဖြင့် ပေးပို့ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်သည်။

အဆိုပါအကူအညီများမှာ မလေးရှားရှိ ဆူဘန်းနှင့် ထိုင်းရှိ ချိုင်နက်တို့တွင် အာဆီယံအတွက် ဘေးအန္တရာယ်အရေးပေါ်ကုန်ပစ္စည်းသိုလှောင်ရုံများမှ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“နောက်ထပ်အကူအညီများကို မေလ ၂၂ ဒါမှမဟုတ် ၂၃ ရက်တွေမှာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကနေ စစ်လေယာဥ်တွေနဲ့ ပေးပို့ဖို့ ရှိပါတယ်” ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ယခုအကူအညီပေးပို့မှုများမှာ ၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ကတိကဝတ်နှင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် မကြာသေးမီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်နှင့်အညီဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်သီတင်းပတ်က ရခိုင်ပြည်နယ်တွင်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်မိုခါကြောင့် လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့(မေလ ၂၀ ရက်)ကလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် “မိုခါ” (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော သဘာဝဘေးသင့်ပြည်သူများအတွက် ယွမ် ၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ရာ အဆိုပါပစ္စည်းများတွင် ခေါက်ဆွဲခြောက် ၉၃၀ ပုံး၊ ဘီစကစ် ၄၁၇ ပုံး၊ သောက်သုံးရေ ၃၆၆၇ ပုံး ပါဝင်ကြောင်း ယင်းသံရုံးက ထုတ်ပြန်သည်။

ကိုးကား – BERNAMA

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။