Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို PDF တပ်များ တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုတွင် တိုက်ပွဲချိန် ၂နာရီခန့် ကြာမြင့်ခဲ့ရာ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ မြစ်ကူးတံတားရှိ စစ်တပ်ဂိတ်နှင့် ခလရ – ၈၄ (ဆွာ)တို့မှ ဆယ်တော်၊ ဒေါင့်အင်းကုန်း၊ ဂွေးသဲကျေး ရွာများသို့ လက်နက်ကြီးပစ်ကူပေးခဲ့​သည်ဟု တပ်ခွဲ (၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပဲခူး PDF)
(တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပဲခူး PDF)

▪️စစ်တပ်က လက်နက်ကြီးရမ်းပစ်၍ ပြည်သူသုံးဦးထိခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၃ ရက် ညနေ ၃ နာရီခန့်က တောင်ငူခရိုင်၊ ရေတာရှည်မြိုနယ်၊ ဒေါင့်အင်းကုန်းကျေးရွာအုပ်စု၊ ကြာအင်းကုန်းကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်တောကျေးရွာ ဘုန်းကြီးကျောင်းအနီး သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၄ )၊ တပ်ခွဲ (၆)တို့က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် တိုက်ပွဲချိန် ၂နာရီခန့် ကြာမြင့်ခဲ့ရာ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ မြစ်ကူးတံတားရှိ စစ်တပ်ဂိတ်နှင့် ခလရ – ၈၄ (ဆွာ)တို့မှ ဆယ်တော်၊ ဒေါင့်အင်းကုန်း၊ ဂွေးသဲကျေး ရွာများသို့ လက်နက်ကြီးပစ်ကူပေးခဲ့​သည်ဟု တပ်ခွဲ (၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များဘက်မှ အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ၍ အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ကြောင်း တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“(စစ်တပ်ထိခိုက်သေဆုံးစာရင်း)မသိရသေးဘူးဗျ။ နောက်ထပ် စစ်ရေးတင်းမာနေသေးလို့”ဟု တပ်ခွဲ (၆)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသော စစ်ကောင်စီတပ်က ယင်းနေ့(ဇွန် ၃) ည ၁၀ နာရီခန့်တွင် ခလရ-၈၄ (ဆွာ)မှ (၁၂၀) မမ လက်နက်ကြီးဖြင့် သုံးချက်ရမ်းသမ်းပစ်ခတ်ရာ ဂွေးသဲကျေးရွာရှိ နေအိမ် သုံးလုံးကို ထိမှန်ခဲ့ပြီး နေအိမ် တစ်လုံးမှာ တိုက်ရိုက်ထိမှန်ခဲ့သောကြောင့် သားအမိ သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ အတွင်းလူနာအဖြစ်ပို့ဆောင် ကုသထားရကြောင်း စုံစမ်းသိရသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စစ်ကောင်စီနှင့်၎င်း၏ထောက်တိုင်များအား စစ်ဆေးပစ်မှတ် များအဖြစ် တိုက်ခိုက်ခြေမှုန်းလျှက်ရှိရာ ပြီးခဲ့သည့် မေလ၃၁ ရက် ညနေပိုင်းက တောင်ငူအခြေစိုက် အမှတ် (၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ဆိုသူကို တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၆)မှ ရဲဘော်များက အမြန်လမ်းတစ်နေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook