Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူ ၉ဦးထိမှန်၊ အမျိုးသမီးတစ်ဦး သေဆုံး

ဇွန်လ၁၉ ရက်ကလည်း ခင်ဦးမြို့နယ်၊ ရှင်မင်းတွေကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းမိုင်းထိပြီး စစ်ကြောင်းမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား ဇွန်လဆန်းပိုင်းကတွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား ဇွန်လဆန်းပိုင်းကတွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ တဲစုကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၉ဦးထိမှန်ကာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇွန်လ ၂၄ ရက်) နံနက် ၅နာရီခန့်က အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် တဲစုကျေးရွာသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးကြောင့် တဲစုကျေးရွာနေ ဒေသခံ(၉)ဦးထိမှန် ကာ အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ ကျန်(၈)ဦးမှာလည်း ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ရှိနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ရွာခြေရင်း တံတားမှာတစ်လုံး၊ ရွာထဲနှစ်လုံးလို့ပြောတယ်။ ကွင်းတွေထဲကျတာ။ ထွက်ပြေးချိန်ထိတာ။”ဟု ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သူ ကိုနေသူရက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည် တဲစုကျေးရွာရှိ ကားတစ်စီးအား မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မွန်းလွဲပိုင်းတွင် မြစ်တော်ကျေးရွာကို ပစ်ခတ်ဝင်ရောက်ကာ ညအိပ်တပ်စွဲထားသည်။

အဆိုပါစစ်ကြောင်းကြောင့် တဲစု၊ဗအိုး၊ကံသာယာ၊ကံသစ် စသည့်ကျေးရွာများရှိ ဒေသခံပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဇွန်လ၁၉ ရက်ကလည်း ခင်ဦးမြို့နယ်၊ ရှင်မင်းတွေကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းမိုင်းထိပြီး စစ်ကြောင်းမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။