Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ဦးသေ၊ ၇ဦး ဒဏ်ရာရ

ရှမ်းမြောက်၌ လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း ပစ်ခတ်မှုများမကြာခဏ ဖြစ်ပွားလျက်ရှိရာ အများစုဖြစ်နေသည်မှာ စီးပွားရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အချင်းချင်း စီးပွားရေးကြောင့် တိုက်ခိုက်ခြင်းများ ဖြစ်ကြောင်း ဒေသခံကို ကိုးကားဖော်ပြထားသည်။

(ဇွန်လ ၂၂ ရက်က မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မူလတန်း ကျောင်းရှေ့ ၌ ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)
(ဇွန်လ ၂၂ ရက်က မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မူလတန်း ကျောင်းရှေ့ ၌ ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့စက်မှုဇုန်အနီး ယနေ့(ဇွန်လ ၂၃ရက်) ည ၇နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား၍ ပြည်သူ နှစ်ဦး အသက်သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) သတင်းပြန်ကြားရေးဌာနက ယနေ့ ဖော်ပြသည်။

ရှမ်းမြောက်၌ လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း ပစ်ခတ်မှုများမကြာခဏ ဖြစ်ပွားလျက်ရှိရာ အများစုဖြစ်နေသည်မှာ စီးပွားရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အချင်းချင်း စီးပွားရေးကြောင့် တိုက်ခိုက်ခြင်းများ ဖြစ်ကြောင်း ဒေသခံကို ကိုးကားဖော်ပြထားသည်။

ပြည်သူ့စစ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများ မူဆယ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟုဆိုသည်။

ဇွန်လ ၂၂ ညပိုင်းကလည်း ဟိုနားရပ်ကွပ်တွင်လှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကင်းစောင့်ပေးနေသည့် လုံထန် ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့အစည်းကို အရပ်ဝတ် လက်နက်ကိုင်တစ်ဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေ၍ မူဆယ်ပြည်သူများစိုးရိမ်မှုနှင့်နေထိုင်နေကြရသည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ ပစ်ခတ်မှုမှာ ကားတစ်စီးကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခြင်းဖြစ်ကြောင်း ပစ်ခတ်မှု ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်က ၎င်းတို့ အဖွဲ့ဝင်တစ်ဦးကို ရှင်းပြနေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်၌ တွေ့ရသည်။

“ငါပထမ မပစ်ဘူးကွာ။ ကျည်တော့ထိုးလိုက်တယ်။ ဒီကောင်က ဒီနားမှာ တစ်စီးကို တိုက်ပြီးထွက်ပြေးသွားတာဆိုတော့ ငါတို့ကောင်တွေက ပစ်လိုက်တာ”ဟု စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထိုသို့ ပစ်ခတ်ပြီးနောက် နောက်ထပ်ကားတစ်စီးကို စစ်ကောင်စီတပ်က မှားယွင်းပစ်ခတ်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရသည့် အရပ်သားတစ်ဦးက “ ကျနော်မရတော့ဘူး”ဟု ပြောကြားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးက “ဆရာကြီး ဆရာကြီး သွေးထွက်လွန်ပြီးတော့မှ မရတော့ဘူး ဗိုက်ကြီးထိထားတာ”ဟု ပြောကြားရာ ဆရာကြီးဆိုသူက “သေပစေကွာ ငါ -ိုးမတွေ အကုန်သေပါစေ သူများတွေကို ဒုက္ခပေးသွားတာ” ဟု ပြောကြားသည်ကို အဆိုပါ ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook