Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးပါက ဖမ်းဆီးငွေတောင်းခံနေ၍ နယ်ခံများအခက်တွေ့နေ

စစ်ကောင်စီက ၎င်းတို့အား ဆိုင်ကယ်ဖြင့်လာရောက်တိုက်ခိုက်မည်စိုး၍ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်း စီးနင်းခြင်းမပြုရန်တားမြစ်ထားပြီး စီးနင်းပါက ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

(ပြီးခဲ့သည့်နှစ်အတွင်းက မိတ္ထီလာမြို့တွင် ဆိုင်ကယ်စီးနင်းသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - Cj)
(ပြီးခဲ့သည့်နှစ်အတွင်းက မိတ္ထီလာမြို့တွင် ဆိုင်ကယ်စီးနင်းသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - Cj)

မိတ္ထီလာတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းမောင်းနင်ပါက စစ်ကောင်စီတပ်က ဖမ်းဆီးငွေတောင်းခံနေ၍ အခက်အခဲများတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီ၏ စစ်သား၊ ရဲနှင့် မီးသတ်များက မြို့အဝင်သပြေဝတိုးဂိတ်နှင့် မြို့တွင်းနေရာအချို့တွင် ဆိုင်ကယ် များအားစစ်ဆေးနေပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းစီးလာပါက ဖမ်းဆီးငွေတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

“တနေ့က ပင်စင်လာထုတ်တဲ့ လူကြီးတစ်ယောက် ဆိုင်ကယ်နှစ်ယောက်စီးလို့ဆိုပြီး တစ်သောင်းဒဏ်ရိုက်တယ်။ အသက်ကြီးတဲ့သူက နောက်ကထိုင်လိုက်လာတာ။ ပင်စင်စားပါဆိုလည်းမရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မော်တော်ဆိုင်ကယ် များကို အခြားပြစ်ချက်အမျိုးမျိုးဖြင့် စစ်ဆေးဖမ်းဆီးပြီး နေရာမှာပင် ငွေတောင်းခံလေ့ရှိကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆိုင်ကယ်အဖမ်းခံရတော့ ပိုက်ဆံမပါလို့ ပြောတော့ တစ်သောင်း ‌Kpay ကလွှဲလိုက်တဲ့။ Kpay ကနေ လွှဲလို့ရတာ ဒီတစ်ခါသိတာပဲ။”ဟု မြို့ခံတစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် ၂၀၂၂အတွင်းက အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်း စီးနင်းခြင်းမပြုရန် စစ်ကောင်စီက အဓမ္မထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၂၂ ဖေဖော်ဝါရီ ၂၃ ရက် ည၇ နာရီခွဲခန့်တွင် မိတ္ထီလာမြို့၊ အင်းဝဘဏ်ရှေ့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်စီးလာ၍ ထိုဘဏ်စောင့်စစ်သားများက ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ဖူးသည်။

စစ်ကောင်စီက ၎င်းတို့အား ဆိုင်ကယ်ဖြင့်လာရောက်တိုက်ခိုက်မည်စိုး၍ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်း စီးနင်းခြင်းမပြုရန်တားမြစ်ထားပြီး စီးနင်းပါက ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။