Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိတ္ထီလာတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးပါက ဖမ်းဆီးငွေတောင်းခံနေ၍ နယ်ခံများအခက်တွေ့နေ

စစ်ကောင်စီက ၎င်းတို့အား ဆိုင်ကယ်ဖြင့်လာရောက်တိုက်ခိုက်မည်စိုး၍ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်း စီးနင်းခြင်းမပြုရန်တားမြစ်ထားပြီး စီးနင်းပါက ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

(ပြီးခဲ့သည့်နှစ်အတွင်းက မိတ္ထီလာမြို့တွင် ဆိုင်ကယ်စီးနင်းသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - Cj)
(ပြီးခဲ့သည့်နှစ်အတွင်းက မိတ္ထီလာမြို့တွင် ဆိုင်ကယ်စီးနင်းသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - Cj)

မိတ္ထီလာတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းမောင်းနင်ပါက စစ်ကောင်စီတပ်က ဖမ်းဆီးငွေတောင်းခံနေ၍ အခက်အခဲများတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီ၏ စစ်သား၊ ရဲနှင့် မီးသတ်များက မြို့အဝင်သပြေဝတိုးဂိတ်နှင့် မြို့တွင်းနေရာအချို့တွင် ဆိုင်ကယ် များအားစစ်ဆေးနေပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းစီးလာပါက ဖမ်းဆီးငွေတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

“တနေ့က ပင်စင်လာထုတ်တဲ့ လူကြီးတစ်ယောက် ဆိုင်ကယ်နှစ်ယောက်စီးလို့ဆိုပြီး တစ်သောင်းဒဏ်ရိုက်တယ်။ အသက်ကြီးတဲ့သူက နောက်ကထိုင်လိုက်လာတာ။ ပင်စင်စားပါဆိုလည်းမရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မော်တော်ဆိုင်ကယ် များကို အခြားပြစ်ချက်အမျိုးမျိုးဖြင့် စစ်ဆေးဖမ်းဆီးပြီး နေရာမှာပင် ငွေတောင်းခံလေ့ရှိကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆိုင်ကယ်အဖမ်းခံရတော့ ပိုက်ဆံမပါလို့ ပြောတော့ တစ်သောင်း ‌Kpay ကလွှဲလိုက်တဲ့။ Kpay ကနေ လွှဲလို့ရတာ ဒီတစ်ခါသိတာပဲ။”ဟု မြို့ခံတစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် ၂၀၂၂အတွင်းက အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်း စီးနင်းခြင်းမပြုရန် စစ်ကောင်စီက အဓမ္မထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၂၂ ဖေဖော်ဝါရီ ၂၃ ရက် ည၇ နာရီခွဲခန့်တွင် မိတ္ထီလာမြို့၊ အင်းဝဘဏ်ရှေ့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်စီးလာ၍ ထိုဘဏ်စောင့်စစ်သားများက ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ဖူးသည်။

စစ်ကောင်စီက ၎င်းတို့အား ဆိုင်ကယ်ဖြင့်လာရောက်တိုက်ခိုက်မည်စိုး၍ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်း စီးနင်းခြင်းမပြုရန်တားမြစ်ထားပြီး စီးနင်းပါက ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။