Connect with us

Hi, what are you looking for?

သတင်း

ရေဖြူရဲစခန်းပြန်လာသော ရဲတပ်ကြပ်ကြီးတစ်ကို PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး

အဆိုပါ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးသည် ပရိုဘောက်စ်ယာဥ်ဖြင့် ပြည်သူများနှင့်ရောနှော၍ အသွင်ယူလိုက်ပါလာခြင်းဖြစ်ပြီး ဖမ်းဆီးရမိချိန်တွင် ၎င်း၏ယူနီဖောင်းအား ပြန်လည်ဝတ်စဥ် စေ၍ စစ်ဆေးမေးမြန်းမှုများလုပ် ဆောင်ခဲ့သည်ဟု ဆိုသည်။

(ရဲတပ်ကြပ်ကြီးဇော်မင်းဦးအား PDF ပူးပေါင်းတပ်များက ဖမ်းဆီးခေါ်ဆောင်လာစဥ်။ ဓာတ်ပုံ-ပေးပို့)
(ရဲတပ်ကြပ်ကြီးဇော်မင်းဦးအား PDF ပူးပေါင်းတပ်များက ဖမ်းဆီးခေါ်ဆောင်လာစဥ်။ ဓာတ်ပုံ-ပေးပို့)

▪️PDFထံလွှဲပြောင်းရန်အသွား ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးဟုဆို

မလွဲတောင်စစ်ဆေးရးဂိတ်မှ ရေဖြူမြို့မရဲစခန်းသို့ ပြန်လာသော စစ်ကောင်စီ​၏ လက်ပါးစေ ရဲတပ်ကြပ်ကြီးတစ်ဦးကို လမ်းပိုင်းစစ်ဆေးစဥ် လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၂ရက်က မလွှဲတောင်စုပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ပြီး၍ ရေဖြူမြို့မရဲစခန်းပြန်လာသော ရဲတပ်ကြပ်ကြီးဇော်မင်းဦးဆိုသူသည် ပြည်သူနှင့်ရောပြီး ကားဖြင့်ပြန်လာသည်ဟု သတင်းရသဖြင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(T1)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) အဖွဲ့စသည့်ပူးပေါင်းတပ်များမှ ရန်ကုန်-ထားဝယ် အမှတ်(၈) ကားလမ်းမကြီးတစ်နေရာ၌ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ကနဦးသိရတာက ရဲတပ်ကြပ်ကြီးလို့ပဲ သိတာ။ ဘယ်စခန်းမှာ တာဝန်ကျတယ်၊ ကိုယ်ပိုင်နံပါတ်ကဘယ်လောက်ဆိုတာတွေက စစ်ဆေးမေးမြန်းမှ သိရတာ”ဟု ထားဝယ်ခရိုင် PDF တပ်ရင်း(၁) မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

အဆိုပါ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးသည် ပရိုဘောက်စ်ယာဥ်ဖြင့် ပြည်သူများနှင့်ရောနှော၍ အသွင်ယူလိုက်ပါလာခြင်းဖြစ်ပြီး ဖမ်းဆီးရမိချိန်တွင် ၎င်း၏ယူနီဖောင်းအား ပြန်လည်ဝတ်စဥ် စေ၍ စစ်ဆေးမေးမြန်းမှုများလုပ် ဆောင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ဆေးမေးမြန်းပြီးချိန်တွင် တော်လှန် ရေးပူးပေါင်းတပ်များမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း(၁)ထံ လွှဲပြောင်းရန်သွားရောက်စဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း အသိပေးသည်။

ထို့ကြောင့် ပြန်လည်ခုခံပြီးထွက်ပြေးခဲ့သော ရဲတပ်ကြပ်ကြီး ဇော်မင်းဦး၏ရုပ်လောင်းအား ပူးပေါင်းတပ်ဖွဲ့များမှ လူသားဂုဏ်သိက္ခာနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook