Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာဗုံးကျဲခံရမှုအပေါ် ဝမ်းနည်းမှုပြ၍ဆိုကာဖမ်းဆီးခံခဲ့ရသည့် သတင်းစာဆရာနှင့် အနုပညာရှင်​လေးဦးပြန်လည်လွတ်မြောက်

ပဇီကြီးကျေးရွာဖြစ်စဉ် နှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အနုပညာရှင်များအနက် သရုပ်ဆောင်မေပန်းချီသည် ဇွန်လအတွင်းက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ကျခံရန်မတရား အမိန့်ချမှတ်ခံရသူဖြစ်သည်။

စစ်ကောင်စီက ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ‌ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူရာနှင့်ချီသေဆုံးခဲ့ခြင်းအပေါ် ​ဖေစ်ဘွခ်တွင် ဝမ်းနည်းကြောင်း အနက်​ရောင်ပရိုဖိုင်း​ပြောင်းသည်ကို စစ်​ကောင်စီကရမည်ရှာကာ ဖမ်းဆီးခံခဲ့ရသည့် သတင်းစာဆရာ ဦး​ကျော်မင်း​ဆွေနှင့် အနုပညာရှင်‌‌လေးဦးကို ဇူလိုင် ၇ ရက်တွင်ပြန်လွှတ်ပေးခဲ့ကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများကပြောသည်။

“July လ လေးက ညီမလေးအတွက် ကံကောင်းချင်းနဲ့ကျွန်တော့်အတွက် ပျော်ရွှင်ချင်းတွေ ပေးလိုက်ပြီ ကျေးဇူးပါ July ကျေးဇူးပါ” ဟု သရုပ်ဆောင် မေပန်းချီ၏ အစ်ကိုက၎င်းတို့မောင်နှမနှစ်ဦး၏ဓာတ်ပုံနှင့်အတူ ‌၎င်း၏‌ ဖေ့စ်ဘွတ်အကောင့်၌တင်ထားသည်။

ပဇီကြီးကျေးရွာဖြစ်စဉ် နှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အနုပညာရှင်များအနက် သရုပ်ဆောင်မေပန်းချီသည် ဇွန်လအတွင်းက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ကျခံရန်မတရား အမိန့်ချမှတ်ခံရသူဖြစ်သည်။

ထို့အတူ The Voice အယ်ဒီတာချုပ်ဟောင်းသတင်းစာဆရာ ဦးကျော်မင်းဆွေ မှာလည်း ပြန်လည်လွတ်​မြောက်လာ​​ကြောင်းရင်းနှီးသူအချို့က​ပြောသည်။ ရွှေရည်သိန်းတန် ၊ မြတ်သူသူ နှင့် မေလသံစဉ် တို့လည်း ပြန်လည်းလွတ်မြောက်လာသိရသည်။

Public Service Announcement

Public Service Announcement

မတရားဖမ်းဆီးခံရသူများကိုစစ်ကောင်စီက ပြည်သူရာချီသေဆုံးခဲ့သည့်ဖြစ်စဉ်အပေါ် ပရိုဖိုင်အနက်ချိန်းခြင်းအပါအဝင် ဝမ်းနည်းကြောင်းပြသသည်ဟုဆိုကာ ဧပြီလအတွင်းက မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဧပြီ ၁၁ ရက်တွင်ပြည်သူများစုဝေးနေသည့်နေရာကိုလေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၁၆၈ ဦး​သေဆုံးပြီး ၆၀ ​ကျော် ဒဏ်ရာရရှိခဲ့သည်။

(ပြန်လည်လွတ်​မြောက်လာ​သောအနုပညာရှင်​လေးဦးနှင့် သတင်းစာဆရာ)

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။