Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မန္တ​လေးကားလမ်း​ဟောင်း မိုင်တိုင် ၁၀၁ ရှိစစ်အုပ်စုတပ်စွဲထား​သောKTV ကိုPDFများတိုက်ခိုက် ၄ဦး​သေဆုံးဟုဆို

ယမန်နေ့ညပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီအခြေစိုက်နေရာ KTV ကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဟု သိရသည်။

ရန်ကုန်-မန္တ​လေးကားလမ်း​ဟောင်း မိုင်တိုင် ၁၀၁ ရှိစစ်အုပ်စုတပ်စွဲထား​သောKTV ကိုPDFများတိုက်ခိုက် ၄ဦး​သေဆုံးဟုဆို
ရန်ကုန်-မန္တ​လေးကားလမ်း​ဟောင်း မိုင်တိုင် ၁၀၁ ရှိစစ်အုပ်စုတပ်စွဲထား​သောKTV ကိုPDFများတိုက်ခိုက် ၄ဦး​သေဆုံးဟုဆို

ရန်ကုန်-မန္တလေးကားလမ်းဟောင်းမိုင်တိုင်(၁၀၁)ရှိစစ်ကောင်စီတပ်စွဲထားသော KTV ကို PDFများကဝင်ရောက်စီး နင်းတိုက်ခိုက်ရာလေးဦးထက်မနည်းသေဆုံးကာ ကားတစ်စီးသိမ်း ဆည်းနိုင်ခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက​ပြောသည်။

ယမန်နေ့ညပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီအခြေစိုက်နေရာ KTV ကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဟု သိရသည်။

“ရဲခွေး ၂ကောင်သေ ၊အင်ဖော်မာ ၂ကောင်သေ၊ ရဲခွေး ၂ကောင် ဒဏ်ရာရ။ အိမ်စီးကားတစ်စီးလဲ သိမ်းဆည်းရရှိခဲ့ပါတယ်”ဟု ကျောက်တံခါး PDF တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

ယခုစစ်ဆင်ရေးအပါအဝင် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီက ဖွဲ့စည်းထားသော ပျူ၊ ရဲ နှင့် စစ်သား ၂၅၀ ၌ ၆၀ကျော်ကိုရှင်းလင်းပြီး ဖြစ် ကြောင်းလည်း ကျောက်တံခါးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိူအပြင် ဇူလိုင် ၁၈ ရက်ညပိုင်းက ကျောက်တံခါးမြို့နယ်ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် ၁၀၁/၇ အနီးရှိအလျား ၄၅ ပေရှိ တံတားနှင့် ရန်ကုန်-မန္တလေးမီး ရထားလမ်း၊ ကြေးနန်းမိုင်တိုင် ၁၀၉/၁၀ နှင့် ၁၀၉/၁၁ ကြားရှိ တံတား ဖောက်ခွဲခံခဲ့ရသည်။

အဆိုပါနေရာသို့သွာရောက်စစ်ဆေးစဥ် ထိတွေ့မှု၌ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အကောင့်များ၌ ဖော်ပြထားသည်။

ဇူလိုင်လဆန်းပိုင်းကလည်း ညောင်လေးပင်ခရိုင်၊ ကျောက် တံခါးမြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ခြမ်းသို့ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉၊ ပိန်းဇလုတ်အခြေစိုက်ခမရ ၂၆၄၊ဖြူးမြို့အခြေစိုက် ခမရ ၃၀၇ ၊ ပဲနွယ်ကုန်းအခြေစိုက် ခမရ ၃၀၈ တပ်ရင်းများက စစ် ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook