Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မန္တ​လေးကားလမ်း​ဟောင်း မိုင်တိုင် ၁၀၁ ရှိစစ်အုပ်စုတပ်စွဲထား​သောKTV ကိုPDFများတိုက်ခိုက် ၄ဦး​သေဆုံးဟုဆို

ယမန်နေ့ညပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီအခြေစိုက်နေရာ KTV ကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဟု သိရသည်။

ရန်ကုန်-မန္တ​လေးကားလမ်း​ဟောင်း မိုင်တိုင် ၁၀၁ ရှိစစ်အုပ်စုတပ်စွဲထား​သောKTV ကိုPDFများတိုက်ခိုက် ၄ဦး​သေဆုံးဟုဆို
ရန်ကုန်-မန္တ​လေးကားလမ်း​ဟောင်း မိုင်တိုင် ၁၀၁ ရှိစစ်အုပ်စုတပ်စွဲထား​သောKTV ကိုPDFများတိုက်ခိုက် ၄ဦး​သေဆုံးဟုဆို

ရန်ကုန်-မန္တလေးကားလမ်းဟောင်းမိုင်တိုင်(၁၀၁)ရှိစစ်ကောင်စီတပ်စွဲထားသော KTV ကို PDFများကဝင်ရောက်စီး နင်းတိုက်ခိုက်ရာလေးဦးထက်မနည်းသေဆုံးကာ ကားတစ်စီးသိမ်း ဆည်းနိုင်ခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက​ပြောသည်။

ယမန်နေ့ညပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီအခြေစိုက်နေရာ KTV ကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဟု သိရသည်။

“ရဲခွေး ၂ကောင်သေ ၊အင်ဖော်မာ ၂ကောင်သေ၊ ရဲခွေး ၂ကောင် ဒဏ်ရာရ။ အိမ်စီးကားတစ်စီးလဲ သိမ်းဆည်းရရှိခဲ့ပါတယ်”ဟု ကျောက်တံခါး PDF တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

ယခုစစ်ဆင်ရေးအပါအဝင် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီက ဖွဲ့စည်းထားသော ပျူ၊ ရဲ နှင့် စစ်သား ၂၅၀ ၌ ၆၀ကျော်ကိုရှင်းလင်းပြီး ဖြစ် ကြောင်းလည်း ကျောက်တံခါးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိူအပြင် ဇူလိုင် ၁၈ ရက်ညပိုင်းက ကျောက်တံခါးမြို့နယ်ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် ၁၀၁/၇ အနီးရှိအလျား ၄၅ ပေရှိ တံတားနှင့် ရန်ကုန်-မန္တလေးမီး ရထားလမ်း၊ ကြေးနန်းမိုင်တိုင် ၁၀၉/၁၀ နှင့် ၁၀၉/၁၁ ကြားရှိ တံတား ဖောက်ခွဲခံခဲ့ရသည်။

အဆိုပါနေရာသို့သွာရောက်စစ်ဆေးစဥ် ထိတွေ့မှု၌ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အကောင့်များ၌ ဖော်ပြထားသည်။

ဇူလိုင်လဆန်းပိုင်းကလည်း ညောင်လေးပင်ခရိုင်၊ ကျောက် တံခါးမြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ခြမ်းသို့ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉၊ ပိန်းဇလုတ်အခြေစိုက်ခမရ ၂၆၄၊ဖြူးမြို့အခြေစိုက် ခမရ ၃၀၇ ၊ ပဲနွယ်ကုန်းအခြေစိုက် ခမရ ၃၀၈ တပ်ရင်းများက စစ် ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်း

ဗိုလ်မှူးနဲ့ အမျိုးသမီးတရားသူကြီးနှစ်ဦးကိုချန်လှပ်ပြီးအမှုလမ်းကြောင်းပြောင်းဖို့စီစဥ်​

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။