Connect with us

Hi, what are you looking for?

သတင်း

သနပ်ပင်မြို့တွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီး လေးဦး ရေနစ်သေဆုံး

သေဆုံးသူ အမျိုးသမီး လေးဦးသည် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး အသက် (၅၀)အရွယ် အမျိုးသမီး တစ်ဦး၊ အသက် (၂၀)ကျော်အမျိုးသမီး နှစ်ဦးနှင့် အသက် (၁၀)နှစ်အရွယ် မိန်းကလေး တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - သာမဏေကျော်လူမူကူညီရေးအသင်း
ဓာတ်ပုံ - သာမဏေကျော်လူမူကူညီရေးအသင်း

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ကျွဲဖြူချောင်းကျေးရွာအနီး ချောင်းအတွင်း ယမန်နေ့ နေ့လယ်က စက်လှေတိမ်းမှောက်၍ အမျိုးသမီး လေးဦး ရေနစ်သေဆုံးခဲ့ကြောင်း ပဲခူးမြို့ခံ ကယ်ဆယ်ရေးအသင်းများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၉) နေ့လယ် ၁ နာရီဝန်းကျင်က ကျွဲဖြူချောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ဝါဆိုသင်္ကန်း လာရောက်ကပ်လှူအပြီး အပြန်တွင် စက်လှေတိမ်းမှောက်ခဲ့ရာ လှေပေါ်လိုက်ပါလာသူ ၁၁ ဦးအနက် အမျိုးသမီး လေးဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးမြိုခံ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - သာမဏေကျော်လူမူကူညီရေးအသင်း
ဓာတ်ပုံ – သာမဏေကျော်လူမူကူညီရေးအသင်း

“ရန်ကုန်ကနေ ကျဲဲဖြူရွာ ဘုန်းကြီးကျောင်းတွေ ဝါဆိုသင်္ကန်း လာကပ်ပြီး အပြန်မှာ စက်လှေမှောက်တာပါ။ စက်လှေပေါ်မှာ စက်လှေမောင်းသူ အပါ ၁၁ ဦးပါတယ်။ အဲ့ထဲကမှ အမျိုးသမီး လေးဦး ရေနစ်သေဆုံးသွားတာပါ။ သက်ကြီးပိုင်း တစ်ယောက်၊ သက်လတ်ပိုင်း နှစ်ယောက်နဲ့ ကလေးတစ်ယောက် ဆုံးသွားတာပါ “ဟု သွားရောက်ကူညီခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သေဆုံးသူ အမျိုးသမီး လေးဦးသည် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး အသက် (၅၀)အရွယ် အမျိုးသမီး တစ်ဦး၊ အသက် (၂၀)ကျော်အမျိုးသမီး နှစ်ဦးနှင့် အသက် (၁၀)နှစ်အရွယ် မိန်းကလေး တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သနပ်ပင် ဆေးရုံကြီး ရင်ခွဲရုံမှ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ ကျီစုသုသာန်သို့ လူမူကူညီရေးအသင်းများက ကူညီပို့ဆောင်ပေးခဲ့ကြောင်း ​ပဲခူးမြို့ခံကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။