Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNLAတပ်ရင်း(၂၇)တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ် ၁၀ဦးသေ

စစ်ကောင်စီ၏ ခမရ(၄၀၇)၊ခမရ(၁၀၄) တပ်များနှင့် ဇူလိုင် ၁၇ရက်မှ ဇူလိုင် ၂၁ရက်အထိ ၄ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသကို ဖော်ပြမထားပေ။

(တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ပြည်သူ့ရဲဘော်​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - KNU)
(တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ပြည်သူ့ရဲဘော်​၏ ရုပ်အလောင်းအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - KNU)

▪️အရာရှိအပါအဝင်၁၁ဦးဒဏ်ရာရဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆)၊ တပ်ရင်း (၂၇)၏ တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးကာ ဗိုလ်ကြီး နှစ်ဦးအပါအဝင် ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ(၄၀၇)၊ခမရ(၁၀၄) တပ်များနှင့် ဇူလိုင် ၁၇ရက်မှ ဇူလိုင် ၂၁ရက်အထိ ၄ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသကို ဖော်ပြမထားပေ။

ပူးပေါင်းအင်အား (၁၀၀)ကျော်ရှိ ဗိုလ်မှူး အောင်မြင့်သိန်းနှင့် ဗိုလ်မှူးနိုင်ဝင်း ဦးဆောင်သော စကခ(၈) လက်အောက်ခံ ခမရ(၄၀၇)တပ်ရင်း၊ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၀၄) တပ်ရင်းတို့အကြား နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက် မှ ၁၀ဦး သေဆုံးခဲ့ပြီး ၁၁ဦး ဒဏ်ရာရခဲ့ကာ အဆိုပါ ၁၁ဦးအနက် ငါးဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ကြေးနန်းသတင်းပေးပို့ချက်ကို KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း KNLAဘက်မှ လေးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးကျဆုံးခဲ့သည်ဟု အသိပေးထားသည်။

KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့အနေဖြင့် မြ၀တီမြို့အနီးတွင်လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဇူလိုင် ၁၈ရက်က တပ်မဟာ(၆) KNU/KNLA ၊ ကော်ဘရာစစ်ကြောင်း(၁)ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မှ ခလရ(၈)၊ ခမရ(၁၁၈)တပ်များအကြား မြ၀တီမြို့လက်ခတ်တောင်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စတပ်မှ ဗိုလ်ကြီး တစ်ဦးသေဆုံးကာ ၅ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာက အသိပေးထားသည်။

ဇူလိုင် ၂၀ ရက်တွင်လည်း ခမရ(၁၁)၊ ခလရ(၈) နှင့် ကော်ဘရာ စစ်ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

စစ်ကောင်စီတပ်စွဲထားသည့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ နောက်တစ်နေ့ ဇူလိုင် ၂၁ရက် နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ လက်ခက်တောင်ကြောတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကော်ဘရာက အသိပေးထားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။