Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် PDFများ ဖမ်းထားသည့် ပျူ ၂၀အား စစ်အုပ်စု ပြန်လည်ကယ်ထုတ်

အထိနာသွားသော စစ်အုပ်စုက (၁၂၀)မမ လေးလုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မရမ်းအင်းရွာသို့ ကျရောက်ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထွက်ပြေးတိမ်းရှောင်လာရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များ ဖမ်းဆီးထားသည့် ပျူစောထီးအဖွဲ့ဝင် ၂၀ခန့်အား စစ်ကောင်စီတပ်က ပြန်လည်ကယ်ထုတ်သွားကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၉ရက်) နံနက်ပိုင်းက ရွာသန်းကျေးရွာတွင် ဖမ်းဆီးထားသော ရွှေဘိုမြို့နယ် ဖုတ်ကုန်းကျေးရွာမှ အမျိုးသား၊ အမျိုးသမီး ပျူ ၂၀ဦးအား ဖုတ်ကုန်းရွာမှ ပျူများနှင့် လေ့ကျင့်ရေး(၈)မှ စစ်ကောင်စီတပ်သား စုစုပေါင်းအင်အား ၁၀၀ကျော်ဖြင့် လာရောက်ကယ်ထုတ်သွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထွက်ပြေးတိမ်းရှောင်လာရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“ယာယီဖမ်းဆီးထိန်းသိမ်းထားတာ အချုပ်နဲ့။ စစ်ဖို့လုပ်နေတာ။ လုပ်ထားတဲ့သတင်းက ပေါက်သွားတယ်။ လာကယ်ထုတ်သွားတာ ၂၀လုံးတော့ ပါသွားတယ်လို့ သိရတယ်”ဟု အဆိုပါ ရဲဘော်က ပြောသည်။

ထို့အပြင် စစ်အုပ်စုက ရွာသန်းကျေးရွာအနီးရှိ ကင်းတဲများအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့နံနက် ၉နာရီခန့်က စစ်အုပ်စု အင်အား ၃၀ကျော်သည် အင်းပတ်ကျေးရွာသို့ လက်နက်ကြီးငယ်များပစ်ခတ်၍ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။

အဆိုပါ စစ်ကြောင်းအားတိုက်ခိုက်ရာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း Khin U Special Force Organizationအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနေ့ညကတည်းက ပစ်ပြီးတော့ ဒီမနက်မှာဝင် တာ။ သူတို့ဘက်က တော်တော်လေးထိတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထွက်ပြေးတိမ်းရှောင်လာရသော ခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

အထိနာသွားသော စစ်အုပ်စုက (၁၂၀)မမ လေးလုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မရမ်းအင်းရွာသို့ ကျရောက်ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

ခင်ဦးမြို့နယ် တောင်ခြမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ရွာသန်း၊ ရေအေးကုန်း၊ကျီးကန်၊ပန်းတွင်း၊ လက်ပံလှကျေးရွာနှင့် အနောက်ခြမ်းရှိ စစ်ကြောင်းကြောင့် အင်းပတ်၊မြကန်၊ ချမ်းသာကုန်းစသည့် ကျေးရွာများမှ ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ