Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ငါန်းဇွန်ရှိ အောင်သုခကျွန်းရွာ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူများအနေဖြင့် ရေကြောင်း၊ ကုန်းကြောင်းတို့အား သတိဖြင့်သွားလာကြရန် ပကဖက သတိပေးထားသည်။

(စစ်ကောင်စီတပ်က အောင်သုခကျွန်းရွာကို မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က အောင်သုခကျွန်းရွာကို မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်းကျေးရွာရှိ နေအိမ်၆၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁၆ ရက်) နံနက် ၅နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ရဲဗဒိုင်းကျေးရွာ မြစ်ကမ်းမှ စစ်သင်္ဘော နှစ်စီး၊ စက်လှေ ခြောက်စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်သည် အောင်သုခကျွန်းရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သည်။

ထို့အပြင် အခြားစစ်ကြောင်းတစ်ခုလည်းရောက်ရှိလာပြီးနောက် အောင်သုခကျွန်းရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ငါန်းဇွန်(ပကဖ)အဖွဲ့က ပြောသည်။ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ ခန့် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ညနေပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်သည် ရေဆင်းရွာဘက်မှ ထော်လာဂျီနှင့်ပြန်လာစဥ် ချောင်းအတွင်းပြုတ်ကျ၍ စစ်သားတစ်ဦးသေဆုံးကြောင်း ငါန်းဇွန်(ပကဖ)အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ငါန်းဇွန်မြို့က ထွက်လာတာ။ အင်အား ၁၀၀လောက် ရှိမယ်။ တိုက်ပွဲဖြစ်တာမရှိပါဘူး။

ထော်လာဂျီက ချောင်းတံတားဖြတ်စဥ် ရေထဲကျပြီး စစ်သားတစ်ဦးရေနစ်သေတာ။”ဟု ငါန်းဇွန်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူများအနေဖြင့် ရေကြောင်း၊ ကုန်းကြောင်းတို့အား သတိဖြင့်သွားလာကြရန် ပကဖက သတိပေးထားသည်။

“ပြည်သူတချို့လည်း ဖမ်းဆီးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းများသည် ငါန်းဇွန်မြို့နယ်တွင် သြဂုတ် ၆ ရက်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသခံပြည်သူ ငါးဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။ ထို့အပြင် ကျေးရွာ ‌‌ခြောက်ရွာမှ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။