Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအတွင်း ပြည်သူများ ဖမ်းဆီးခေါ်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

ယမန်နေ့(အောက်တိုဘာ ၂၂)နံနက် ၉ နာရီခွဲခန့်က ပဲခူးရိုးမအတွင်း အင်အား ၂၀ခန့်ဖြင့် ပြည်သူခြောက်ဦးအား ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်လာသော စစ်ကောင်စီတပ်ကို ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီး ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ မှ တော်လှန်ရေးရဲဘော်များအား ပဲခူးရိုးမ တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ မှ တော်လှန်ရေးရဲဘော်များအား ပဲခူးရိုးမ တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်း ပြည်သူများအား ကြိုးတုပ်ဖမ်းဆီးပြီးခေါ်ဆောင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၂၂)နံနက် ၉ နာရီခွဲခန့်က ပဲခူးရိုးမအတွင်း အင်အား ၂၀ခန့်ဖြင့် ပြည်သူခြောက်ဦးအား ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်လာသော စစ်ကောင်စီတပ်ကို ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီး ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က စကစ၂၀ ပါတဲ့စစ်ကြောင်းက ပြည်သူခြောက်ဦးကို ကြိုးတုပ်ပြီး ဖမ်းလာတာကို ပတ်ကွေ့ကြီးအဆင်းနားက ဧကနှစ်ရာကျွန်းစိုက်ခင်းထဲမှာ ကျွန်တော်တို့အဖွဲ့က ကင်းလှည့်ရင်း မြင်လို့စောင့်ကြိုတိုက်ခိုက်တာပါ”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ မှတာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“(ဖမ်းဆီးခံပြည်သူ)သူတို့က တောထဲတက်သစ်ခုတ်သူတွေဖြစ်လိမ့်မယ်ထင်တယ်။ စကစ စစ်ကြောင်းနဲ့တိုးပြီးဖမ်းခံရတာ။ ပွဲကတော့ အပြန်အလှန်ပါပဲ။ တိုက်ပွဲက ၁၅မိနစ်လောက်ကြာတယ်။ ကျွန်တော်တို့ကလက်ဦးမှုရလို့ အရင်ဝိုင်းပစ်တာ။ သူတို့ဘက်က ရှေ့ ဆုံးကသူကို မှန်သွားတာ အရုပ်ကြိုးပျက်လဲသွားတယ်။ အဲ့ကောင် သေမယ်လို့ထင်တယ်”ဟု တပ်ခွဲ-၅ မှ တာဝန်ရှိသူက မှတ် ချက်ပေးသည်။

အထက်ပါ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင် စီတပ်စစ်ကြောင်းသည် ပဲခူးရိုးမအတွင်း ဆက်လက်ဝင်ရောက်ခြင်းမရှိဘဲ ဒဏ်ရာရတပ်သားအားသယ်ဆောင်၍ ဘန့်ဘွေးကုန်းကျေးရွာဘက်သို့ တပ်ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။