Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သား ၆ဦး KNUနှင့်ချိတ်ဆက်ပြီး ပြည်သူ့ဘက် ပူးပေါင်းလာ

စစ်ကောင်စီတပ်သားများအနေဖြင့်လည်း အခွင့်ကောင်းရှိနေသည့် အခြေအနေတွင် ပြည်သူ့ဘက် ပူးပေါင်းလာကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

(အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - Salween Press)
(အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - Salween Press)

အာဏာသိမ်းစစ်ကောင်စီတပ်သား ၆ဦးသည် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ချိတ်ဆက်ပြီး ပြည်သူ့ဘက်ရပ်တည်ပူးပေါင်းလာကြောင်း Salween Press က ယနေ့ သတင်းဖော်ပြသည်။

အောက်တိုဘာ လလယ်ပိုင်းတွင် စစ်ကောင်စီ၏ ခမရ (၄၃၂)မှ တပ်သား ၅ဦး၊ စစ်အင်ဂျင်နီယာတပ်(စအရ-၉၁၈) မှ တပ်ကြပ်တစ်ဦးသည် ပြည်သူ့ဘက်ရပ်တည်လာခြင်းဖြစ်ပြီး ၎င်းတို့အား လွတ်မြောက်နယ်မြေဆီသို့ ပို့ဆောင်ကာ လိုအပ်သည်များ ကူညီပေးလျက်ရှိကြောင်း တာဝန်ရှိသူများကို ကိုးကားဖော်ပြသည်။

ပြည်သူ့ထံပူးပေါင်းလာသည့် စစ်ကောင်စီတပ်သား ၆ဦး ထမင်းဆုံစားနေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြသည်။

KNU သတင်းရင်းမြစ်တစ်ဦးကလည်း ယင်းသို့အလင်းဝင်ရောက် ပူးပေါင်းလာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ပြောပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဘက် ပူးပေါင်းလာမှုများနှင့်ပတ်သက်ပြီး နိုင်ငံရေးသတိ၊ စစ်ရေးသတိဖြင့် လက်ခံရမည်ဖြစ်ပြီး စစ်ကောင်စီတပ်သားများ ပြည်သူ့ထံ ပူးပေါင်းလာရန် နောက်မကျသေးဟုလည်း KNU သတင်းရင်းမြစ်က ပြောသည်။

“ဝင်လာတာများတာပေါ့။ တပ်မဟာ(၆)မှာ အများဆုံးပဲ။ အခုအချိန်မှာကတော့ အချိန်ရောက်ပြီ။ အခုကလည်း ကျနော်တို့ ပြည်သူ့ကာကွယ်ရေးစစ်တပ်နဲ့ကျနော်တို့ တိုင်းရင်းသားတွေ တက်ညီလက်ညီနဲ့ တိုက်ပွဲဝင်နေပြီ။ စကစရဲ့အုပ်ချုပ်ရေးယန္တရားတွေကို ဖြိုရမှာပဲ။ အဲဒါကြောင့် အခုအချိန် ပူးပေါင်းလာရင် နောက်မကျဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သားများအနေဖြင့်လည်း အခွင့်ကောင်းရှိနေသည့် အခြေအနေတွင် ပြည်သူ့ဘက် ပူးပေါင်းလာကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။