Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီက ညအချိန် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

စစ်ကောင်စီ၏ လက်နက်ကြီးကျည် သုံးလုံး အုမ်းစွမ်ရွာအတွင်ကျရောက်ပေါက်ကွဲပြီး (၁၄)နှစ်အရွယ် ၆တန်းကျောင်းသူ လွေးမြသန္တာလင်း၏ ရင်ဘက်၌ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်သည်။

(နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ကလေးငယ်အပါအဝင် အရပ်သားသေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ၂၀ရက်)ည ၁၁နာရီ ၅၀ မိနစ်တွင် နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ အုမ်းစွမ်ရွာဒေသခံ ကလေးငယ်တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည် သုံးလုံး အုမ်းစွမ်ရွာအတွင်ကျရောက်ပေါက်ကွဲပြီး (၁၄)နှစ်အရွယ် ၆တန်းကျောင်းသူ လွေးမြသန္တာလင်း၏ ရင်ဘက်၌ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် (၁၄)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး၊ (၁၈)နှစ်အရွယ် လူငယ်တစ်ဦး၊ (၄၈)နှစ်အရွယ် အမျိးသမီးတစ်ဦးနှင့် (၅၀)အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်၏ နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်း နှင့် ကျောက်မဲမြို့တပ်စခန်းမှနေ၍ မြို့သစ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် (၃၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်နေရာသည် စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲတစုံတရာဖြစ်ပွားမှုမရှိဘဲ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နမ့်ဆန်မြို့နယ်အတွင်းရှိ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေကြောင်း TNLAက ထုတ်ပြန်သည်။

ထို့ပြင် ယခင်ကလည်း လေကြောင်း တိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့ရာ ယခု လပိုင်းများအတွင်းတအာင်းဒေသ၌ အရပ်သား ၄၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ သုံးရက်ဆက်လေကြောင်းတိုက်ခိုက်

သတင်း

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။