Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီက ညအချိန် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

စစ်ကောင်စီ၏ လက်နက်ကြီးကျည် သုံးလုံး အုမ်းစွမ်ရွာအတွင်ကျရောက်ပေါက်ကွဲပြီး (၁၄)နှစ်အရွယ် ၆တန်းကျောင်းသူ လွေးမြသန္တာလင်း၏ ရင်ဘက်၌ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်သည်။

(နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ကလေးငယ်အပါအဝင် အရပ်သားသေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ၂၀ရက်)ည ၁၁နာရီ ၅၀ မိနစ်တွင် နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ အုမ်းစွမ်ရွာဒေသခံ ကလေးငယ်တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည် သုံးလုံး အုမ်းစွမ်ရွာအတွင်ကျရောက်ပေါက်ကွဲပြီး (၁၄)နှစ်အရွယ် ၆တန်းကျောင်းသူ လွေးမြသန္တာလင်း၏ ရင်ဘက်၌ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် (၁၄)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး၊ (၁၈)နှစ်အရွယ် လူငယ်တစ်ဦး၊ (၄၈)နှစ်အရွယ် အမျိးသမီးတစ်ဦးနှင့် (၅၀)အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်၏ နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်း နှင့် ကျောက်မဲမြို့တပ်စခန်းမှနေ၍ မြို့သစ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် (၃၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်နေရာသည် စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲတစုံတရာဖြစ်ပွားမှုမရှိဘဲ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နမ့်ဆန်မြို့နယ်အတွင်းရှိ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေကြောင်း TNLAက ထုတ်ပြန်သည်။

ထို့ပြင် ယခင်ကလည်း လေကြောင်း တိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့ရာ ယခု လပိုင်းများအတွင်းတအာင်းဒေသ၌ အရပ်သား ၄၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဟောင်ဝစ်ဆာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ ဒေသခံ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား နိုင်ငံမှာ အတွဲလိုက် လှုပ်ရှားသွားခဲ့တဲ့ ငလျင်ကြီးတွေအပြီး အပျက်အစီးပုံအောက်မှာ ၆ ရက်ကြာ ပိတ်မိနေတဲ့ ၃ နှစ်သား ကလေးငယ် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်က အလွတ်စာသင်ကျောင်း (ကျူရှင်)တစ်ခုမှာ အမိုးပြိုကျမှု ဖြစ်ပွားပြီး ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်။