Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်တွင် PDFရဲဘော်များအား မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချ

သင်တန်းပို့ချနိုင်ရန် တော်လှန်ရေး UZအဖွဲ့ နှင့် ဘုတလင်မြို့နယ် အုပ်ချုပ်ရေး၊ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံရွာသူ၊ရွာသားများက နေရာစီစဥ်ပေးခဲ့ကြောင်း သိရသည်။

မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers
မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲဘော် ၄၀ကျော်ကို မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့ကြောင်း Chindwin Brothers (D.G.F တပ်ခွဲ) ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာအတွင်း ဘုတလင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၇)ဖွဲ့မှ သင်တန်းသား ရဲဘော် ၄၂ဦးအား Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့လေယာဉ်ငယ် သင်တန်းအား ၁၀ရက်ကြာ ပို့ချပေးခဲ့ကြောင်း Chindwin Brothers (D.G.F တပ်ခွဲ) ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers
မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers

ဘုတလင်အပါအဝင် အခြားသောမြို့နယ်များရှိ စစ်ကောင်စီတပ် အထိုင်ချနေသော စခန်းများကို နေ့စဉ်နှင့်အမျှ တိုက်ခိုက်နိုင်ရေး၊တော်လှန်ရေးအင်အားစုများ ပေါင်းစည်း၍ တညီတညွတ်တည်းလုပ်ဆောင်နိုင်ရေးတို့ ရည်ရွယ်ပြီး သင်တန်းပို့ချခဲ့ခြင်းဖြစ်ကြောင်း Chindwin Brothersအဖွဲ့က အသိပေးသည်။

မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers
မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers

“သင်တန်းသားတွေက နယ်ကတော့အစုံပဲ။ ဘုတလင်ကများတာပေါ့။ ဒါကပထမဆုံးသင်တန်းပါ။ နောက်ထပ်တော့ သင်တန်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်။ Drone ကတော့ဆင်ပေးခဲ့တယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။မလောက်လို့။ ပစွည်းကလည်း မှာပြီးသွားပြီ။”ဟု Chindwin Brothers (D.G.Fတပ်ခွဲ) ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သင်တန်းပို့ချနိုင်ရန် တော်လှန်ရေး UZအဖွဲ့ နှင့် ဘုတလင်မြို့နယ် အုပ်ချုပ်ရေး၊ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံရွာသူ၊ရွာသားများက နေရာစီစဥ်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...