Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်တွင် PDFရဲဘော်များအား မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချ

သင်တန်းပို့ချနိုင်ရန် တော်လှန်ရေး UZအဖွဲ့ နှင့် ဘုတလင်မြို့နယ် အုပ်ချုပ်ရေး၊ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံရွာသူ၊ရွာသားများက နေရာစီစဥ်ပေးခဲ့ကြောင်း သိရသည်။

မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers
မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲဘော် ၄၀ကျော်ကို မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့ကြောင်း Chindwin Brothers (D.G.F တပ်ခွဲ) ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာအတွင်း ဘုတလင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၇)ဖွဲ့မှ သင်တန်းသား ရဲဘော် ၄၂ဦးအား Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့လေယာဉ်ငယ် သင်တန်းအား ၁၀ရက်ကြာ ပို့ချပေးခဲ့ကြောင်း Chindwin Brothers (D.G.F တပ်ခွဲ) ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers
မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers

ဘုတလင်အပါအဝင် အခြားသောမြို့နယ်များရှိ စစ်ကောင်စီတပ် အထိုင်ချနေသော စခန်းများကို နေ့စဉ်နှင့်အမျှ တိုက်ခိုက်နိုင်ရေး၊တော်လှန်ရေးအင်အားစုများ ပေါင်းစည်း၍ တညီတညွတ်တည်းလုပ်ဆောင်နိုင်ရေးတို့ ရည်ရွယ်ပြီး သင်တန်းပို့ချခဲ့ခြင်းဖြစ်ကြောင်း Chindwin Brothersအဖွဲ့က အသိပေးသည်။

မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers
မောင်းသူမဲ့လေယာဥ်ငယ်သင်တန်း ပို့ချပေးခဲ့စဥ်။ ဓာတ်ပုံ-Chindwin Brothers

“သင်တန်းသားတွေက နယ်ကတော့အစုံပဲ။ ဘုတလင်ကများတာပေါ့။ ဒါကပထမဆုံးသင်တန်းပါ။ နောက်ထပ်တော့ သင်တန်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်။ Drone ကတော့ဆင်ပေးခဲ့တယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။မလောက်လို့။ ပစွည်းကလည်း မှာပြီးသွားပြီ။”ဟု Chindwin Brothers (D.G.Fတပ်ခွဲ) ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သင်တန်းပို့ချနိုင်ရန် တော်လှန်ရေး UZအဖွဲ့ နှင့် ဘုတလင်မြို့နယ် အုပ်ချုပ်ရေး၊ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံရွာသူ၊ရွာသားများက နေရာစီစဥ်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

ထန်းတပင်မြို့စိုးတံတားသို့ အင်အားဖြည့်လာသည့် စစ်​ကြောင်းကိုလည်း PDFများတိုက်ခိုက်

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။