Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ခြေမြန်တပ်ရင်း(၅၉၈)ကို KNLAနှင့် PDFပူးပေါင်းတပ်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ဇလုပ်ကြီးကျေးရွာ အခြေစိုက် ခမရ(၅၉၈)ကို ယမန်နေ့(နိုဝင်ဘာ ၂၄ရက်) နံနက် ၇နာရီတွင် ကို KNLA နှင့် PDF ပူးပေါင်းတပ်က ရှော့တိုက်ဒုံး လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Getty Images)
(ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Getty Images)

ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း(၅၉၈)ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဇလုပ်ကြီးကျေးရွာ အခြေစိုက် ခမရ(၅၉၈)ကို ယမန်နေ့(နိုဝင်ဘာ ၂၄ရက်) နံနက် ၇နာရီတွင် ကို KNLA နှင့် PDF ပူးပေါင်းတပ်က ရှော့တိုက်ဒုံး လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ခိုက်ခဲ့တာ မှန်တယ်။ ရလဒ်ကို သတင်းတော့ မပို့သေးဘူး”ဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)တာဝန်ရှိသူက ပြောသည်။

ရှော့တိုက်ဒုံးလေးလုံးအနက် နှစ်လုံးမှာ စစ်တပ်ဝင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ လက်နက်ကြီး ပစ်စင်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တစ်လုံးသည် တပ်ဝင်းအပြင်ဘက်သို့ ကျရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ယနေ့(နိုဝင်ဘာ ၂၅ရက်) မွန်းလွဲ ၁နာရီခန့်မှ စ၍၂နာရီ ၅မိနစ်အထိ ပဲခူးတိုင်း ၊ တောင်ငူမြို့ရှိတောင်ပိုင်းစစ်ဌာနချုပ်ဝင်းအတွင်းမှ လက်နက်ငယ် ပစ်သံကြားနေရကြောင်း သတင်းရရှိသည်။

ထိုဖြစ်စဉ်ကို အသေးစိတ်စိစစ်နေဆဲဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။