Connect with us

Hi, what are you looking for?

သတင်း

ရေဇွာမြို့ကို ချင်း​တော်လှန်​ရေးတပ်များတိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ရေဇွာမြို့ရှိ စစ်ကောင်စီတပ်မှာ တပ်ခွဲမှုး ဗိုလ်ကြီး တစ်ဦး၊ ဒုရဲအုပ်တစ်ဦးတို့အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးတို့က လက်နက်ချအလင်းဝင်ခဲ့သည်ဟု ချင်းတော်လှန်ရေးသတင်းအရင်းအမြစ်များကပြောသည်။

(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲရှိ ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်များက ယနေ့( နိုဝင်ဘာ ၂၉ ရက် )မနက်ပိုင်း အပြီးသတ်တိုက်ခိုက်သိမ်းလိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

ZZLMS စစ်ဆင်ရေးအမည်ဖြင့် နိုဝင်ဘာ ၂၆ ရက်ကတည်းက ဇိုတုန်ဒေသရှိ ရေဇွာမြို့ကသိမ်းတိုက်ပွဲစတင်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီ ၁၀နာရီတွင်စစ်ကောင်စီစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ရေဇွာတစ်မြို့လုံးကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု CDF-Zotungက အသိ​ပေးသည်။

“ ကျတော်တို့က မတိုက်ဘဲနဲ့ လက်နက်အလင်းဝင်လာဖို့တောင်းဆိုတယ်။ဒါပေ့မယ် အနည်းအကျဉ်းတော့ဝင်လာတယ်။များသောအားဖြင့်မဝင်ဘဲ ခေါင်းမာတယ်။ ကျွန်တော်နဲ့ပူးပေါင်းလို့စိတ်မရှိဘူး။ ကျဝောာ်တို့ ပေးထားတဲ့အချိန်ကျော်တယ်။ အဲ့တာကြောင့်တိုက်ခိုက်သိမ်းပိုက်ရတယ်” ဟု CDF-Zotung တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်သားအများကျဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ရေဇွာမြို့ရှိ စစ်ကောင်စီတပ်မှာ တပ်ခွဲမှုး ဗိုလ်ကြီး တစ်ဦး၊ ဒုရဲအုပ်တစ်ဦးတို့အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးတို့က လက်နက်ချအလင်းဝင်ခဲ့သည်ဟု ချင်းတော်လှန်ရေးသတင်းအရင်းအမြစ်များကပြောသည်။

“လက်နက်ချအလင်းဝင်လိုဖို့ ငြင်းဆန်တဲ့သူတွေရှိလို့ တိုက်ခိုက်ရပြီး အပြီးသတ်သိမ်းပိုက်လိုက်တာပါ”ဟု အဆိုပါချင်းအရင်းအမြစ်တစ်ဦးကပြောသည်။

ယနေ့ နံနက် စခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်​နေစဉ် စစ်​ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့က​ပြောသည်။

(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

“ (စစ်တပ်က) သေဆုံးဖမ်းမိတာလည်း တော်တော်များတယ်။ လက်နက်တွေလည်း ရထားပါတယ်” ဟု ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

မြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်(CNA)၊ CDF-Zoung, CDF-ထန်တလန်, CDF-Lautu, CDF-Zotung, CDF-Mara, CDF- မတူပီ စသည့် ချင်းတော်လှန်ရေးပူးပေါင်းတပ်များကအတူတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။

ထိုတိုက်ပွဲအတွင်း CDF-Maraနှင့် CDF-Zotung တို့မှ ရဲဘော်တစ်ဦးစီ ကျဆုံးခဲ့သည်ဟုလည်း သိရသည်။

(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

နိုဝင်ဘာ ၂၆ ရက်တွင်လည်း စစ်ကောင်စီတပ်သား တင်နိုင်ထွေးနှင့် တပ်သား ဗန်လာဗွေးတို့က MA-1တစ်လက်၊ဗုံးသီး၊ခဲယမ်းများဖြင့် CDF-Zotungထံ CDMဝင်ရောက်ခဲ့သည်။ ထိုကြောင့် ၎င်းတို့နှစ်ဦးကို ဆုငွေသိန်း ၁၀၀ စီချီးမြှင့်ပြီး လုံခြုံသည့်နေရာကို ပို့ဆောင်ခဲ့သည်။

​ရေဇွာမြို့သည် မတူပီခရိုင် အတွင်းရှိ​သောမြို့တစ်မြို့ဖြစ်ပြီး၂၀၁၄ သန်း​ခေါင်စာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၂၂၀၀ ​ကျော် ၊​ကျေးလက်တွင်လူဦး​ရေ တစ်​သောင်း​ကျော်​နေထိုင်သည်။​တောင်ဘက်တွင် မတူပီ မြို့ ၊အ​နောက်ဘက်တွင် အိန္ဒိယနိုင်ငံနယ်စပ် ၊ အ​နောက်​တောင်ဘက်တွင် လိုင်လဲန်းပီမြို့ ၊ ​မြောက်ဘက်တွင် ထန်တလန်မြို့တို့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ဒေသတိုက်ပွဲများ၌ နေ့တိုင်းအရှုံးပေါ်နေသည့်စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အငြိုးကြီးစွာဖြင့် ကြည်း၊ ရေ၊ လေ တပြိုင်နက်တည်းပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး မြို့အားဖျက်ဆီးလျက်ရှိကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီအနေဖြင့် အပြောင်းအလဲ ပြုလုပ်ခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်ဖြင့် ဆက်လက် အုပ်ချုပ်ရန် ကြိုးပမ်းနေ၍ မြန်မာနိုင်ငံ၌ စစ်ရေး နိုင်ငံရေး တင်းမာမှုများ ဆက်ရှိနေမည်ဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့မနက်တွင် ပြောကြားသည်။

သတင်း

KIA တပ်မဟာ(၈)လက်အောက်ခံအမှတ်(၅)တပ်ရင်း၊ မြို့လှK-PDF နှင့် ဟိုပင်K-PDF တပ်ရင်းတို့ပူးပေါင်းပြီး တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀)အထိုင်ချသည့် တပ်စခန်းအား ဒီဇင်ဘာလလ ၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

မြို့သိမ်းတိုက်ပွဲကို CNA၏ စစ်ဦးစီးချုပ် ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့သည်။

Facebook