Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့ထွေအုပ်ရုံးအား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်

ယမန်နေ့ (ဇန်နဝါရီ၂၁ရက်)နံနက် ၁၁ နာရီခန့်က မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

(မတ္တရာထွေအုပ်ရုံးအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)
(မတ္တရာထွေအုပ်ရုံးအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၁ရက်)နံနက် ၁၁ နာရီခန့်က မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

ဗုံးသီးမှာ ရုံးခေါင်မိုးပေါ်တည့်တည့်သို့ ပစ်မှတ်တိကျစွာ ကျရောက်ခဲ့ပြီး ရုံးအဆောက်အဦး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ထို့အပြင် ရုံးအတွင်းရှိ စစ်အုပ်စုဝင်များပါ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

“စကစ အနေနဲ့ မတ္တရာမှာ စစ်ကြောင်းထိုးမီးရှို့တာတွေဆက်တိုက်လုပ်ဆောင်နေပြီး မထင်သလိုပြည်သူတွေကို သတ်ဖြတ်မှုတွေလည်းရှိပါတယ်။”ဟု မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို မြနန္ဒာစစ်ဆင်ရေး Droneတပ်ဖွဲ့နှင့် မတ္တရာ​-ပကဖ၊ ပြင်ဦးလွင်ခရိုင် ထုတ်လုပ်ရေးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက်က အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အတွင်းရှိ ဝန်တင်ကုန်း၊ခြေတော်ရာ၊ပြည်သာအေး၊သပြေအိုက်ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့နေး၍ နီးစပ်ရာကျေးရွာများမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊သီလုံးရွာကပျူစောထီးစခန်း နှစ်ရက်ဆက်တိုက် ​ဗုံးကြဲတိုက်ခိုက်ခံရပြီးပျူခေါင်းဆောင်သေဆုံးသွားကြောင်းရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအပါအဝင် ပြည်သူ၆ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ၏ ‌ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ ယင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေသည်ဟု သတင်းရသောကြောင့် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။