Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့ထွေအုပ်ရုံးအား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်

ယမန်နေ့ (ဇန်နဝါရီ၂၁ရက်)နံနက် ၁၁ နာရီခန့်က မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

(မတ္တရာထွေအုပ်ရုံးအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)
(မတ္တရာထွေအုပ်ရုံးအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-မြနန္ဒာစစ်ဆင်ရေး)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၁ရက်)နံနက် ၁၁ နာရီခန့်က မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

ဗုံးသီးမှာ ရုံးခေါင်မိုးပေါ်တည့်တည့်သို့ ပစ်မှတ်တိကျစွာ ကျရောက်ခဲ့ပြီး ရုံးအဆောက်အဦး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ထို့အပြင် ရုံးအတွင်းရှိ စစ်အုပ်စုဝင်များပါ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

“စကစ အနေနဲ့ မတ္တရာမှာ စစ်ကြောင်းထိုးမီးရှို့တာတွေဆက်တိုက်လုပ်ဆောင်နေပြီး မထင်သလိုပြည်သူတွေကို သတ်ဖြတ်မှုတွေလည်းရှိပါတယ်။”ဟု မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို မြနန္ဒာစစ်ဆင်ရေး Droneတပ်ဖွဲ့နှင့် မတ္တရာ​-ပကဖ၊ ပြင်ဦးလွင်ခရိုင် ထုတ်လုပ်ရေးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက်က အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အတွင်းရှိ ဝန်တင်ကုန်း၊ခြေတော်ရာ၊ပြည်သာအေး၊သပြေအိုက်ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့နေး၍ နီးစပ်ရာကျေးရွာများမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆိုင်းမင်း/People’s Spring မန္တလေးတိုင်း ၊ မတ္တရာမြို့ ရဲ့အနောက်တောင်ဘက် ဧရာဝတီမြစ်ဘေးအနီးက ဘိုကုန်းကျေးရွာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ဒေသခံ အချို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့စုံစမ်းသိရပါတယ်။ မနေ့ မနက်ပိုင်း ၉ နာရီ ခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး...

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ မနေ့ကညနေပိုင်းက တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့(ဖေဖော်ဝါရီ ၁၇ရက်)မနက်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦး သေဆုံးပြီး ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

သတင်း

မတ္တရာမြို့ရဲ့မြောက်ဘက် မိုးကုတ်-မန္တလေးလမ်းဘက်ကို ဒီရက်ပိုင်းစစ်ကြောင်းထိုးတာတွေပြုလုပ်လာနိုင်တယ်လို့ ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင် အချို့က ​ပြောပါတယ်။