Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့နယ် ရေလည်မော်ရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

စဥ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်သည် ဧရာဝတီမြစ်တစ်ဖက်ကမ်းစီ၌ တည်ရှိပြီး စစ်ရေးအရ နယ်မြေထိဆက်မှုရှိနေသည်။

(ရေလည်မော်ရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Wetlet Informational Network)
(ရေလည်မော်ရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Wetlet Informational Network)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရေလည်မော်ကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇန်နဝါရီ၂၄ ရက်) နံနက် ၃နာရီခန့်က မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် စက်လှေဖြင့် ဧရာဝတီမြစ် ဖြတ်သန်းလာပြီး ဝက်လက်မြို့နယ်၊ ကမ်းဖြူအုပ်စုရှိ ရေလည်မော်ရွာသို့ စက်သေနတ်များ၊ လက်နက်ကြီး ၊လက်နက်ငယ်များပစ်ခတ်၍ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ရေလည်မော်ရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Wetlet Informational Network)
(ရေလည်မော်ရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Wetlet Informational Network)

ထို့နောက် နံနက် ၄နာရီခန့်တွင် စစ်အုပ်စုသည် ရေလည်မော်ကျေးရွာရှိ နေအိမ် ၁၂လုံးခန့်နှင့် ပဲမှော်စင် တစ်လုံး ၊ ဆိုင်ကယ် နှစ်စီးအား မီးရှို့ဖျက်ဆီးသွားကြောင်း Wetlet Informational Network အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အင်အားက ၁၂ကောင်တည်း။ စက်လှေအသေးနဲ့လာတာ။ တိုက်ပွဲမရှိပါဘူး။ သက်သက်မဲ့ဝင်ရှို့သွားတာ။”ဟု Wetlet Informational Network အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုသည် မီးရှို့ဖျက်​ဆီးပြီးနောက် ရွာသာယာပျုစောထီးရွာသို့ ပြန်ဝင်သွားကြောင်း သိရသည်။

ထို့အပြင် ရွာသာယာကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဝက်လက်နယ်အတွင်းရှိ ကျေးရွာများထံသို့ လက်နက်ကြီးများဖြင့်လည်း အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စဥ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်သည် ဧရာဝတီမြစ်တစ်ဖက်ကမ်းစီ၌ တည်ရှိပြီး စစ်ရေးအရ နယ်မြေထိဆက်မှုရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။