Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ် ရေလည်မော်ရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

စဥ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်သည် ဧရာဝတီမြစ်တစ်ဖက်ကမ်းစီ၌ တည်ရှိပြီး စစ်ရေးအရ နယ်မြေထိဆက်မှုရှိနေသည်။

(ရေလည်မော်ရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Wetlet Informational Network)
(ရေလည်မော်ရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Wetlet Informational Network)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရေလည်မော်ကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇန်နဝါရီ၂၄ ရက်) နံနက် ၃နာရီခန့်က မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် စက်လှေဖြင့် ဧရာဝတီမြစ် ဖြတ်သန်းလာပြီး ဝက်လက်မြို့နယ်၊ ကမ်းဖြူအုပ်စုရှိ ရေလည်မော်ရွာသို့ စက်သေနတ်များ၊ လက်နက်ကြီး ၊လက်နက်ငယ်များပစ်ခတ်၍ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ရေလည်မော်ရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Wetlet Informational Network)
(ရေလည်မော်ရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Wetlet Informational Network)

ထို့နောက် နံနက် ၄နာရီခန့်တွင် စစ်အုပ်စုသည် ရေလည်မော်ကျေးရွာရှိ နေအိမ် ၁၂လုံးခန့်နှင့် ပဲမှော်စင် တစ်လုံး ၊ ဆိုင်ကယ် နှစ်စီးအား မီးရှို့ဖျက်ဆီးသွားကြောင်း Wetlet Informational Network အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အင်အားက ၁၂ကောင်တည်း။ စက်လှေအသေးနဲ့လာတာ။ တိုက်ပွဲမရှိပါဘူး။ သက်သက်မဲ့ဝင်ရှို့သွားတာ။”ဟု Wetlet Informational Network အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုသည် မီးရှို့ဖျက်​ဆီးပြီးနောက် ရွာသာယာပျုစောထီးရွာသို့ ပြန်ဝင်သွားကြောင်း သိရသည်။

ထို့အပြင် ရွာသာယာကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဝက်လက်နယ်အတွင်းရှိ ကျေးရွာများထံသို့ လက်နက်ကြီးများဖြင့်လည်း အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စဥ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်သည် ဧရာဝတီမြစ်တစ်ဖက်ကမ်းစီ၌ တည်ရှိပြီး စစ်ရေးအရ နယ်မြေထိဆက်မှုရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။