Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးတက္ကသိုလ်ဝင်းတိုက်ပွဲအတွင်း Non CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအပါအဝင် ၁၄၀ကျော်ကို PDF ရဲဘော်များ ကယ်ထုတ်

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

(ကလေးတက္ကသိုလ်အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကလေးတက္ကသိုလ်အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ၊ကလေးတက္ကသိုလ်ဝင်းတိုက်ပွဲအတွင်း Non CDM ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသားများအပါအဝင် ၁၄၀ ကျော်အား ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များ ကယ်ထုတ်ကာ ဘေးလွတ်ရာပို့ဆောင်ပေးထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်က ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲထားသည့် ကလေးတက္ကသိုလ်ဝင်းရှိ စစ်ကောင်စီတပ်သားများအား ယမန်နေ့ (ဖေဖော်ဝါရီ၂၆ရက်) နံနက် ၅နာရီခန့်မှစတင်၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” မနေ့က စစ်ဆင်ရေးမှာ ကလေးတက္ကသိုလ်တစ်ခုလုံးကိုတော့ မထိန်းနိုင်ခဲ့ဘူး။ ၇၀ ရာခိုင်နှုန်းလောက်ထိန်းနိုင်ခဲ့တယ်။ ဝန်ထမ်းအိမ်ယာတွေနဲ့ အဆောင်နှစ်‌ဆောင် ၊ သုံးဆောင် လောက်ကသူတွေကို လက်နက်ကြီးတွေကြားထဲကနေ ဘေးကင်းရာကို ဆွဲခေါ်ထုတ်လာခဲ့တာပါ။ ကျောင်းသူနဲ့ ဝန်ထမ်းမိသားစုတွေက များပါတယ်။ ဘေးကင်းလုံခြုံရာနေရာမှာ နေရေးစားရေးစီစဉ်ပေးထားပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

ကလေးတက္ကသိုလ်ရှိ Non CDM ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသားများအပါအဝင် ၅၀၀ခန့်ရှိနေပြီး ၁၄၀ကျော်ကို ရဲဘော်များက ကယ်ထုတ်ကာ ဘေးလွတ်ရာသို့ပို့ဆောင်ပေးထားကြောင်းသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” မနေ့က ကလေးတွေ( PDF များ)က ဖောကားကြီးတွေနဲ့ တောက်လျှောက်ခေါ်ထုတ်သွားတာ။ သေချာလေး ဂရုတစိုက်နဲ့ ခေါ်သွားကြတာ။မြင်တွေရတော့ စိတ်မကောင်းဘူး။ ကိုယ့်ကလေးတွေဆို လက်ရဲဇက်ရဲ သတ်နေတဲ့ စစ်ခွေးတွေမြင်စေချင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်‌နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီသည် ကလေးမြို့ ဒေသကွပ်ကဲမှုစသ်ဌာနချုပ်(ဒကစ) မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ခိုင်ကမ်းမြို့မှ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။

ခိုင်ကမ်းမြို့သည် ကလေးတက္ကသိုလ်နှင့်နီးပြီး ချင်းပြည်နယ်နှင့် ကလေးမြို့နယ်စပ်၌ တည်ရှိသည်။

” မနက်က လေကြောင်းကနေ သုံးကြိမ်ပစ်ပါတယ်။ ထိခိုက်မှုတချို့ ရှိပါတယ်။ ‌ဒေသခံတွေကတော့ တိမ်းရှောင်နေကြတာရှိတယ်။ စစ်တပ် ကတော့ အရပ်သားပစ်မှတ်ကိုပါ မရှောင်ဘဲ ပစ်နေတာပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကလေးတက္ကသိုလ်ရှိ သုံးထပ်ဆောင်၌ အခိုင်အမာဘန်ဆောက် ခုခံခဲ့သလို လေကြောင်းရော၊ လက်နက်ကြီးပါ အသုံးပြုခဲ့သော်ကြောင့် ညနေ ၅နာရီခန့်တွင် တော်လှန်ရေးရဲဘော်များ အပြန်လည်ဆုတ်ခွာခဲ့ကြောင်း သတင်းရရှိသည်။

သို့သော် စစ်ကောင်စီက ကလေးမြို့မြောက်ပိုင်းရှိ ဆည်တော်ဦး၊ကျောင်းတိုက်၊အောင်မြင်သာနှင့်ခိုင်ကမ်းမြို့ တို့ကို လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

လတ်တလော သတင်းများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသ(၁)က မကြာမီထုတ်ပြန် မည်ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။

စစ်ဒေသ(၁)​၏ ဖေဖော်ဝါရီ ၂၅ရက်က ကနဦး ထုတ်ပြန်ချက်တွင် ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး) လက်အောက်ခံ တပ်ဖွဲ့ဝင်များရှိသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၁ရက်မှ ၂၃ရက်အတွင်း တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ပါရှိသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၁၅ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်များကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin စသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးတက္ကသိုလ်မှ ခေါ်ထုတ်နိုင်ခဲ့သော Non CDM ဆရာဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသားများနှင့် ပတ်သက်၍ “အစိုးရပိုင်းကရော စစ်ဒေသကရော တိုက်ရိုက် ကွပ်ကဲပြီးတော့ အထိအပါးမဖြစ်စေရဘူး။မှည့်တပေါက်မစွန်းစေရဘူးဆိုပြီးတော့မှ အားလုံးစောင့်ရှောက်ပေးထားပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ လို့ သုံးပေးပါလားအကို

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။