Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့သို့ ထိုးစစ်ဆင်ရန်လာသည့် အောင်ဇေယျစစ်ဆင်ရေးမှအရာရှိများ အစည်းအဝေးလုပ်နေစဥ် ကာမီကာဇေဒရုန်း​ဖြင့် တိုက်ခိုက်ခံရ

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

(​ကော့ကရိတ်မ​ရောက်ခင်စစ်ကောင်စီတပ် ယာဥ်တန်းနှင့် ​တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ စစ်တပ်ယာဥ်တစ်စီးမီး​လောင်ပျက်စီး​တေစဥ်။ ဓာတ်ပုံ - CJ၊KNU)
(​ကော့ကရိတ်မ​ရောက်ခင်စစ်ကောင်စီတပ် ယာဥ်တန်းနှင့် ​တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ စစ်တပ်ယာဥ်တစ်စီးမီး​လောင်ပျက်စီး​တေစဥ်။ ဓာတ်ပုံ - CJ၊KNU)

▪️တပ်မ(၅၅)မှ အရာရှိ‌ခြောက်ဦးသေဟု ကျားဖြူစစ်ကြောင်းပြော

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်ရန်လာသည့် စစ်ကောင်စီ၏ တပ်မ(၅၅)မှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် ကာမီကာဇေဒရုန်း​ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ဒရုန်းစစ်ဆင်ရေးပြုလုပ်သည့် PDFတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

” ကျွန်တော်တို့က ၅၅ရဲ့ တင့်ကားကို ဖျက်ဖို့ ကာမီကာဇေဒရုန်း​လွှတ်တာ။ တင့်ကားနားရောက်တဲ့အချိန်မှာ သူတို့ဂျန်ပါက အရမ်းကောင်းတယ်။ ဂျန်ပါမိသွားတယ်။ ကြည့်နေရာကနေ ပျောက်သွားတယ်။ ခဏနေ ပြန်ပေါ်လာတဲ့အခါမှာ ဘေးနားက အိမ်တစ်အိမ်သွားတွေ့တယ်။ အဲဒီအိမ်ကို ဝင်လိုက်တဲ့အခါမှာ အရာရှိတွေ အဖွဲ့လိုက် အစည်းအဝေးလုပ်နေတာ သွားတွေ့တယ်။ အစည်းအဝေးလုပ်နေတယ်ဆိုတာ မသိဘူး။ ဒရုန်းမှာပေါ်လာလို့ သိရတာ။ အဲဒီမှာ ဒရုန်းချလိုက်တာ အကုန်မိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ကာမီကာဇေဒရုန်းသည် ဒုတိယကမ္ဘာစစ်တုန်းက ရန်သူ့ပစ်မှတ်များကို လေယာဥ်များဖြင့် အသေခံတိုက်ခိုက်ခဲ့သည့် ဂျပန်လေယာဥ်မှူးများ၏ အသေခံတိုက်ခိုက်မှုကို အစွဲပြုပြီး ကာမီကာဇေဒရုန်းဟု အမည်ပေးထားခြင်း ဖြစ်သည်။

ဒရုန်းတိုက်ခိုက်မှုကြောင့် တပ်မ(၅၅)မှ ညွှန့်ဝင်းလှိုင်အပါအဝင် အရာရှိ ခြောက်ဦး သေဆုံးသည်ဟု သတင်းရရှိကြောင်း ကျားဖြူစစ်ကြောင်းမှဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

” ၅၅က ဗိုလ်ကြီးနှစ်ဦးနဲ့ အရာရှိခြောက်ဦးလို့ သိရတယ်။ ညွှန့်ဝင်းလှိုင်ကပါတယ် ပြောတယ်။ ညွှန့်လှိုင်ဝင်းက ဘယ်အဆင့်လဲ သေချာမသိရသေးဘူး”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ကော့ကရိတ်မြို့ပေါ်နှင့် အနီးဝန်းကျင်များတွင် နေ့စဥ်တိုက်ပွဲဖြစ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။ ထို့ကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

(​ကော့ကရိတ်မ​ရောက်ခင်စစ်ကောင်စီတပ် ယာဥ်တန်းနှင့် ​တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ စစ်တပ်ယာဥ်တစ်စီးမီး​လောင်ပျက်စီး​တေစဥ်။ ဓာတ်ပုံ - CJ၊KNU)
(​ကော့ကရိတ်မ​ရောက်ခင်စစ်ကောင်စီတပ် ယာဥ်တန်းနှင့် ​တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ စစ်တပ်ယာဥ်တစ်စီးမီး​လောင်ပျက်စီး​တေစဥ်။ ဓာတ်ပုံ – CJ၊KNU)

မြဝတီမြို့သို့ ဦးတည်နေသည့်စစ်ကြောင်းအား ကော်ဘရာပူးပေါင်းစစ်ကြောင်းက ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကောင်စီတပ်အထိနာနေပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေကြောင်း ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်က ဧပြီ ၁၆ရက်တွင် လူထုနွေဦးသို့ ပြောထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ကရင်ပြည်နယ် မြ၀တီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးခဲ့ဟု KNU ဗဟိုက ယနေ့ နံနက်တွင် ထုတ်ပြန်သည်။

မြ၀တီမြို့၌ နောက်ဆုံးကျန်နေသည့် ခလရ(၂၇၅)တပ်အား ဧပြီ ၁၁ရက်တွင် KNLA၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား KNLAမှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဖက်တောင်ခြေတွင်သာ ရပ်တန့်နေခဲ့ရကြောင်း အသိပေးသည်။

အာဏာသိမ်းစစ်​​ကောင်စီ ဒု​ခေါင်း​ဆောင် စိုးဝင်းကိုယ်တိုင်ကိုင်တွယ်ကွပ်ကဲသော ‘အောင်ဇေယျစစ်ဆင်ရေး’ဟု အမည်ပေးထားသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့ကို ပြန်လည်သိမ်းယူရန် ဧပြီ ဒုတိယအပတ်က စတင်ခဲ့ခြင်းဖြစ်သည်။

(​ကော့ကရိတ်မ​ရောက်ခင်စစ်ကောင်စီတပ် ယာဥ်တန်းနှင့် ​တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ စစ်တပ်ယာဥ်တစ်စီးမီး​လောင်ပျက်စီး​တေစဥ်။ ဓာတ်ပုံ - CJ၊KNU)
(​ကော့ကရိတ်မ​ရောက်ခင်စစ်ကောင်စီတပ် ယာဥ်တန်းနှင့် ​တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ စစ်တပ်ယာဥ်တစ်စီးမီး​လောင်ပျက်စီး​တေစဥ်။ ဓာတ်ပုံ – CJ၊KNU)

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၁၁ရက်က ရောက်ရှိလာသည်။ ဧပြီ ၁၂ရက်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရောက်ရှိလာ၍ ‌တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးနေရာယူထားသည့် နေရာအချို့မှ ဆုတ်ခွာပေးလိုက်ရကြောင်း သတင်းရရှိသည်။

ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။ ထို့အပြင် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က စိုးမိုးထားသည်ဟု ဆိုသည်။

ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်းရှေ့ဆက်မတိုးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါတံတားအား ဖျက်ဆီးခဲ့သည်။

ဧပြီ ၁၃ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် စစ်ကြောင်း၏ သံချပ်ကာယာဥ်တစ်စီးကို ကော်ဘရာစစ်ကြောင်းက ဖျက်ဆီးနိုင်ခဲ့သည်။ ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ခန့်သေဆုံးကြောင်း သတင်းရရှိသည်ဟု အဆိုပါစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားသည်။