Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့သို့လာသည်ဆိုသော အောင်ဇေယျစစ်ကြောင်း ဒေါနတောင်‌‌ခြေမှ ရှေ့ဆက်မတိုးနိုင်ဘဲ အချို့မှာ ကော့ကရိတ်သို့ ပြန်ဆုတ်

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

(​စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ လာရန် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် နေရာမြေပုံအား တွေ့ရစဥ်)
(​စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ လာရန် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် နေရာမြေပုံအား တွေ့ရစဥ်)

▪️ပြည်သူများ မစိုးရိမ်ကြရန် ကော်ဘရာစစ်ကြောင်းပြော

ဒီးဒီ/People’s Spring

မြဝတီမြို့သို့လာသည်ဆိုသော စစ် ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌‌ခြေမှ ရှေ့ဆက်မတိုးနိုင်ဘဲ အချို့မှာကော့ကရိတ်မြို့သို့ ပြန်ဆုတ်သွားသည်ဟု ယူဆပြီး ပြည်သူများအနေဖြင့် အဆိုပါစစ်ကြောင်းနှင့်ပတ်သက်ပြီး မစိုးရိမ်ကြရန် ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်က People’s Springမှတဆင့် ပြောသည်။

“တောင်ခြေမှာပဲရှိနေတယ်။ ရှေ့ဆက်မတိုးနိုင်ဘူး။ အခုကြည့်တာ တင့်ကားတွေလည်း မတွေ့ရတော့ဘူးဆိုတော့ အချို့က ကော့ကရိတ်ကို ပြန်ဆုတ်သွားတယ်ထင်တယ်”ဟု စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ယနေ့နံနက်တွင် ပြောသည်။

လက်ရှိတွင် ဒေါနတောင်ခြေ၌ မြေပြင်မှစစ်ကြောင်းထိုးနိုင်ခြင်းမရှိဘဲ စစ်ကောင်စီက Y-12 လေယာဥ်ဖြင့်သာ လာရောက်တိုက်ခိုက်နေသည်ဟု ဗိုလ်စောကော်က ပြောသည်။ ထို့အပြင် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီစစ်ကြောင်း အထိနာနေသည်ကို သိရပြီး မည်မျှအရေအတွက်ကိုမူ မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ပတ်သက်ပြီး စိတ်မပူကြဖို့။ မစိုးရိမ်ကြဖို့ ပြောချင်တယ်။ ကျွန်တော်တို့ အတက်နိုင်ဆုံးကြိုးစားဖြတ်တောက်နေတယ်”ဟု ဗိုလ်စောကော်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ကရင်ပြည်နယ် မြ၀တီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးခဲ့ဟု KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

မြ၀တီမြို့၌ နောက်ဆုံးကျန်နေသည့် ခလရ(၂၇၅)တပ်အား ဧပြီ ၁၁ရက်တွင် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ”အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား KNLAမှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဖက်တောင်ခြေတွင်သာ ရပ်တန့်နေခဲ့ရကြောင်း အသိပေးသည်။ အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ခြေအနီး တတန်းကူးကျေးရွာသို့ ရောက်ရှိနေသည်မှာ တစ်ပတ်ကြာရှိပြီဖြစ်သည်။

ထို့အပြင် ထိုးစစ်ဆင်ရန်လာသည့် စစ်ကောင်စီ၏ တပ်မ(၅၅)မှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် ကာမီကာဇေဒရုန်း​ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ဒရုန်းစစ်ဆင်ရေးပြုလုပ်သည့် PDFတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ယမန်နေ့က ပြောသည်။

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ဒရုန်းတိုက်ခိုက်မှုကြောင့် တပ်မ(၅၅)မှ ညွှန့်ဝင်းလှိုင်အပါအဝင် အရာရှိ ခြောက်ဦး သေဆုံးသည်ဟု သတင်းရရှိကြောင်း ကျားဖြူစစ်ကြောင်းမှဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ဧပြီ ၁၈ရက် နံနက် ၁၁နာရီကစ၍ ညနေ ၄နာရီအထိ ကော့ကရိတ်မြို့ပေါ်၌ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ၃၀ခန့် သေဆုံးမှုရှိကာ ၎င်းတို့ဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရထားသည်ဟု ဗိုလ်မှူးကျော်ဟိန်းက အသိပေးသည်။

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်​​ကောင်စီ ဒု​ခေါင်း​ဆောင် စိုးဝင်းကိုယ်တိုင်ကိုင်တွယ်ကွပ်ကဲသော ‘အောင်ဇေယျစစ်ဆင်ရေး’ဟု အမည်ပေးထားသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့ကို ပြန်လည်သိမ်းယူရန် ဧပြီ ဒုတိယအပတ်က စတင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၁၁ရက်က ရောက်ရှိလာသည်။ ဧပြီ ၁၂ရက်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရောက်ရှိလာ၍ ‌တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးနေရာယူထားသည့် နေရာအချို့မှ ဆုတ်ခွာပေးလိုက်ရကြောင်း သတင်းရရှိသည်။

ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။ ထို့အပြင် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က စိုးမိုးထားသည်ဟု ဆိုသည်။

ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်းရှေ့ဆက်မတိုးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါတံတားအား ဖျက်ဆီးခဲ့သည်။

ဧပြီ ၁၃ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် စစ်ကြောင်း၏ သံချပ်ကာယာဥ်တစ်စီးကို ကော်ဘရာစစ်ကြောင်းက ဖျက်ဆီးနိုင်ခဲ့သည်။ ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ခန့်သေဆုံးကြောင်း သတင်းရရှိသည်ဟု အဆိုပါစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။