Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့ပေါ် ကင်းလှည့်သည့် စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ယာဥ်သုံးစီးအနက် တစ်စီးမှာ ထိချက်မှန်ပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများ အပြင်းအထန်ဒဏ်ရာရ၍ သေဆုံးမှုလည်းရှိနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထားဝယ်မြို့ပေါ်စစ်ဆင်ရေးမှ ကမ်းနာလမ်းအားညပိုင်းတွေ့မြင်ရစဥ်
ထားဝယ်မြို့ပေါ်စစ်ဆင်ရေးမှ ကမ်းနာလမ်းအားညပိုင်းတွေ့မြင်ရစဥ်

▪️လောင်းလုံးရဲစခန်း၊ ထွေအုပ်ရုံးနှင့် စခန်းကုန်းတစ်ခုကို တပြိုင်နက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးများ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်အားတိုက်ခိုက်လျှက်ရှိရာ ထားဝယ်မြို့ပေါ် ကင်းလှည့်သည့် စစ်ကောင်စီယာဥ်တန်းနှင့် လောင်းလုံးမြို့ပေါ်တို့တွင် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က ယနေ့(မေ ၁၄)အသိပေး ထုတ်ပြန်သည်။

လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်
လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်

ထားဝယ်မြို့ပေါ် စစ်ရေးတိုက်ခိုက်မှုမှာ မေလ ၁၂ ရက် ည ၁၁ နာရီခွဲခန့်က ထားဝယ်မြို့ကမ်းနားလမ်း၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဥ်သုံးစီးကို လောင်းလုံး (ပကဖ)နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်း၍ သဲကွင်းအနီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ယာဥ်သုံးစီးအနက် တစ်စီးမှာ ထိချက်မှန်ပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများ အပြင်းအထန်ဒဏ်ရာရ၍ သေဆုံးမှုလည်းရှိနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်
လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်

“မိုင်းကတော့ နှစ်လုံးတည်းပါ။ တစ်မြို့လုံးတုန်ခါသွားပါတယ်။ ထိခိုက်သေဆုံးရှိနိုင်ပါတယ်။ သုံးကောင်တော့ ဆေးရုံကြီးက ကိုဗစ်လူနာဆောင်မှာ ပို့ထားတာအတည်ပြုရပါတယ်။ သေဆုံးရှိနိုင်တယ်ဗျ။ ဆက်လက်စုံ စမ်းဆဲပါ”ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-ပကဖ (LLPDF)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အလားတူ ထားဝယ်ခရိုင်အတွင်းစစ်ရေးတိုက်ခိုက်မှုများတွင် လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ စစ်ကောင်စီတပ်တပ်စွဲရာထွေအုပ်ရုံးနှင့် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းတို့ကို မဟာမိတ်များနှင့်အတူ တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံး(ပကဖ)က အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုများကို မေလ ၉ ရက် နံနက် ၆ နာရီတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ တာဝါတိုင်စခန်းကုန်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦး၊ ရဲစခန်းအားတိုက်ခိုက်မှုတွင် ရဲလေးဦး၊ ထွေအုပ်ရုံးတိုက်ခိုက်မှုတွင် စစ်သားသုံးဦးနှင့် စစ်ကူရောက်ချိန် အနီးကပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားလေးဦးဖြင့် စုစုပေါင်း ၁၇ ဦးထက်မနည်းသေဆုံးကြောင်း လောင်းလုံး (ပကဖ)က ထုတ်ပြန်သည်။

လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်
လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်

အလားတူ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်သုံးဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ရဲဘော်ရှစ်ဦး မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း အသိပေးထားသည်။

အထက်ပါ လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးကို လောင်းလုံး(ပကဖ)၊ ထားဝယ်ခရိုင် တပ်ရင်း (၁)T1၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့နှင့် Dawei Guerrilla တပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရေကြောင်းနှင့် လေကြောင်းများအသုံးပြု ပစ်ကူပေးခဲ့သည်။

(ထားဝယ်မြို့ပေါ်စစ်ဆင်ရေးမှ ကမ်းနာလမ်းအားညပိုင်းတွေ့မြင်ရစဥ်၊ လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ – LLPDF)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။