Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး

ဟံသာဝတီရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှူးကိုလည်း အချိန်းအပြောင်းပြုလုပ်သွားကြောင်း သတင်းရရှိသည်။

(ဂန့်ဂေါမြို့နယ် ရွှေဘိုရွာမှ မီးရှို့ခံရသည့် နေအိမ်များအား ၂၀၂၄ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(ဂန့်ဂေါမြို့နယ် ရွှေဘိုရွာမှ မီးရှို့ခံရသည့် နေအိမ်များအား ၂၀၂၄ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ဆလိုင်းမာန်အောင်/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ပျူစောထီးရွာအချို့ကို လက်နက်များတပ်ဆင်ပြီးနောက် မြေပြင်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အရပ်သားသုံးဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

မေလ ၂၆ရက် နံနက်၁၀နာရီခန့်က ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်ရင်းအတွင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အောင်မြင်ကျေးရွာရှိ နေအိမ်ပေါ် သို့ ကျရောက်ပေါက်ကွဲခြင်းဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” လက်နက်ကြီး ရမ်းပစ်တာ။ ဒေသခံသုံးဦး ထပ်သေဆုံးတယ်ဗျာ။ မနေ့က ညနေအထိ ပစ်နေတုန်း”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အောင်မြင်ကျေးရွာမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးသေဆုံးခြင်းဖြစ်ပြီး လေးဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသတင်းရရှိသည်။

ဂန့်ဂေါမြို့တွင် မေလ ၁၆ရက်ကလည်းမြောက်ခင်ရန်းရွာမှ စစ်ကောင်စီနှင့် ပျူစောထီးများက စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့၍ ရေသာရွာနှင့်ရွှေဘိုကျေးရွာမှ ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်၃၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

စစ်ကောင်စီသည် ဂန့်‌ဂေါမြို့မှ ပျူစောထီးရွာများဖြစ်သည့် ဟံသာဝတီရွာနှင့် မြောက်ခင်ရန်းရွာသို့ မေလ ၂၂ရက် နေ့လယ် ၃နာရီခွဲခန့်က ကလေးမြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ တက်လာသည့် Mi 17ထောက်ပို့ယာဉ်ဖြင့် ၁၂၀ မမ လက်နက်ကြီးကျည် သေတ္တာအချို့နှင့် အခြားလက်နက်ခဲယမ်းများပို့ဆောင်ပေးခဲ့သည်။

ဟံသာဝတီရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှူးကိုလည်း အချိန်းအပြောင်းပြုလုပ်သွားကြောင်း သတင်းရရှိသည်။

ဟံသာဝတီရွာနှင့် မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီနှင့် ပျူစောထီးများက ဘေးပတ်ဝန်းကျင်ရွာများကို စစ်ကြောင်းထိုးမည့်သတင်းများကြောင့် ဒေသခံများပြားသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။