Connect with us

Hi, what are you looking for?

သတင်း

နမ့်ဖက်ကာအပါအဝင် ရှမ်းမြောက်အတွင်း ထိန်းချုပ်နယ်မြေများ၌ အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်ဟု KIO/KIA အသိပေး

KIAက စစ်ကောင်စီတပ်များအား တိုက်ခိုက်သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသ၊ မန်တုံမြို့နယ် နမ့်ဟိုင်းဒေသ၊ နမ္မတူမြို့နယ် မုံးမော်ဒေသတို့ကို ဦးစားပေး အနေဖြင့် အုပ်ချုပ်ရေး ဖော်ဆောင်မည်ဟု ဆိုသည်။

(လိုင်ဇာမြို့တနေရာ၌ KIA ရဲဘော်များ လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - NYT)
(လိုင်ဇာမြို့တနေရာ၌ KIA ရဲဘော်များ လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - NYT)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ထားသည့် ရှမ်းမြောက်ဒေသရှိ ကွတ်ခိုင်၊ မုန်းမော်၊ နမ့်ဟိုင်း ဒေသများ၌ KIO၏ အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဇွန်လ ၅ရက်)တွင် ဖော်ပြသည်။

KIAက စစ်ကောင်စီတပ်များအား တိုက်ခိုက်သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသ၊ မန်တုံမြို့နယ် နမ့်ဟိုင်းဒေသ၊ နမ္မတူမြို့နယ် မုံးမော်ဒေသတို့ကို ဦးစားပေး အနေဖြင့် အုပ်ချုပ်ရေး ဖော်ဆောင်မည်ဟု ဆိုသည်။

KIO တောင်ပိုင်းတိုင်းကော်မတီ အတွင်းရေးမှူက KIO အနေဖြင့် နမ့်ဖက်ကာ၊ မုန်းမော်၊ နမ့်ဟိုင်းကျေးရွာများ၌ အုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စည်ပင်ရုံးနှင့် အခြား လိုအပ်သည့် ရုံးများဖွင့်လှစ်ကာ မြို့အင်္ဂါရပ်ဖြင့် ညီညွှတ်အောင် အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

” အိမ်ခြေများတဲ့ရွာတွေကိုတော့ မြို့အဖြစ် သတ်မှတ်ပြီး လက်တွေ့ အုပ်ချုပ်နေပြီဖြစ်တယ်။ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်လည်း ရဲစခန်းကို အုပ်ချုပ်ရေးရုံးနဲ့ လက်တွဲပြီးဖြစ်တယ်”ဟု ကော်မတီ အတွင်းရေးမှူးက ပြောသည်။

အိမ်ထောင်စု ၂,၀၀၀ကျော် ဒေသခံတစ်သောင်းကျော်ရှိသည့် နမ့်ဖက်ကာမြို့ကို ဒေသခံ ကချင်၊ ရှမ်း၊ပလောင်၊တရုတ် စသည့် ဒေသခံ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားသည့် ကော်မတီက အုပ်ချုပ်ရေးတာဝန် ယူနေပြီဖြစ်ကြောင်းလည်း အသိပေးသည်။

နမ့်ဖက်ကာကျေးရွာကို KIA က ယခုနှစ် ဇန်နဝါရီတွင် သိမ်းပိုက်နိုင်ခဲ့ရာ စခန်းသိမ်းပြီးနောက် သုံးလအတွင်း ကျေးရွာနေ ရှမ်း၊ ပလောင်၊ တရုတ် ယာယီအုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ၁၁ဦးဖြင့် ယာယီအုပ်ချုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ သုံးလ ပြည့်ပြီးနောက် KIO အစိုးရမှ ကြားကာလ ကျေးရွာအုပ်ချုပ်ရေးကော်မတီကို KIA၏ အုပ်ချုပ်ရေးဆိုင်ရာ လမ်းစဉ်အတိုင်း ဒေသနေ တိုင်းရင်းသား စုံ ပါဝင် ဖွဲ့စည်းကာ ပြည်သူလိုလားသည့် စနစ်ဖြင့် အုပ်ချုပ်နေ သည်ဟု အသိပေးသည်။

Kachin Sub – state အတွင်း လွတ်မြောက်နယ်မြေရှိ မြို့ရွာအချို့၌ ဆေးရုံကြီးအဆင့် မဖွင့်လှစ်ရသေးမီ ဆေးပေးခန်းများ ဖွင့်သွားမည်ဖြစ်ပြီး နမ့်ဖက်ကာ၊ မုန်းမော်၊ နမ့်ဟိုင်း တွင် ဆေးရုံကြီးအဆင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း KIA တပ်မှူးက ပြောသည်။

နမ့်ဖက်ကာဆေးရုံ၌ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများကို ပြန်လည် ပြုပြင်နေကြောင်း၊ ဖျားနသည့် ပြည်သူများကို အခမဲ့ ဆေးကုသပေးလျက်ရှိကြောင်း နမ့် ဖက်ကာဆေးရုံအုပ်က ပြောသည်။

“ဆေးကုသစရီတ်ကိုလည်း မကောက်ခံသေးဘူး။ ကိုယ်တက်နိုင်သလောက် အလှူငွေ ထည့်လို့ရပါတယ်။ နောက်လတွေမှာတော့ ခွဲစိတ် ကုသတာသာမက ဓာတ်မှန်တွေကိုပါ ရိုက်လို့ရမှာ ဖြစ်ပါတယ်”ဟု KIO၏ နမ့်ဖက်ကာ ဆေးရုံအုပ်က ပြောသည်။

ပညာရေးကဏ္ဍတွင်လည်း KIOအစိုးရ၏ ပညာရေး သင်ရိုးညွှန်းတန်းအတိုင်း ဆက်လက် သင်ကြားပေးမည်ဟု ဆိုသည်။

KIAသည် ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှစ၍ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတပ်စခန်း ၁၀၀ ကျော်နှင့် မြို့အချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။