Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး သေနတ်၂လက် နှင့် ခဲယမ်းများသိမ်းဆည်းခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာအနီးတွင် ကင်းစောင့်ရန်ထွက်လာသော စစ်အုပ်စုဝင်များအား ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သေနတ်၂လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရွှေဘို၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇေအောင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာအနီးတွင် ကင်းစောင့်ရန်ထွက်လာသော စစ်အုပ်စုဝင်များအား ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သေနတ်၂လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရွှေဘို၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇူလိုင် ၁၇ရက်) နံနက် ၆နာရီခန့်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာမှ နေ့ကင်းယူရန်ထွက်လာသော စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများအား ၎င်းတို့နေရာယူမည့် ဘန်ကာအတွင်း ရဲဘော်များက အသင့်စောင့်ဆိုင်း နေရာယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ညောင်ကိုင်းတောင်ရွာ ရွာမကြီးမှာ ခွေးတွေက အထိုင်ချနေကြတာ။ မြောက်ရွာဘက်မှာက ညောင်ပင်လှလို့လည်း ခေါ်တယ်ဗျ။ ခုဘန်ကာယူပစ်တာက ညောင်ကိုင်းမြောက်ရွာဘက်က ကင်းဘန်ကာထဲမှာ။ ကျွန်တော်တို့ရဲဘော်တွေက သူတို့ နေ့ ကင်းယူဖို့အလာ အရင်နေရာယူနှင့်ပီး ပစ်တာပေါ့။”ဟု ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီးနောက် စစ်အုပ်စုဝင် လေးဦးသေဆုံးကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးစစ်အုပ်စုဝင်များထံမှ MA 1တစ်လက်၊ ကျည်ဘောက် တစ်ခု၊ 5.56ကျည် ၅၀တောင့် ၊ G3 တစ်လက်၊ ကျည်ဘောက် သုံးခု၊ 7.62ကျည် ၁၄၀ တောင့် ၊ လက်ပစ် ဗုံးတစ်လုံး၊ ဖုန်းတစ်လုံး ၊ စကားပြောစက်တစ်လုံးတို့ သိမ်းဆည်းရမိကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရွှေဘိုက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Special Troop Of Anyar Revolution (S.T.A.R) အညာဒေသအထူးတော်လှန်ရေးတပ်ဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး ရွှေဘို၊ Bo Ba Taw -SHWEBO၊ Golden Eagles – ZBG အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၃ ရက်ကလည်း ရွှေဘိုမြို့နယ်ရှိ ကူးတို့ဆိပ်ပျူစောထီးရွာအား အခြားဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါရွာအပါအဝင် မြင်းစီးပျူရွာစခန်းနှင့် ဆင်အင်းရဲစခန်းတို့မှ စစ်ကောင်စီအုပ်စုဝင်များလည်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook