Connect with us

Hi, what are you looking for?

သတင်း

KNUဒုဥက္ကဋ္ဌဟောင်းကွယ်လွန်မှု TNLA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ကြိုးပမ်းနေစဉ် ကြီးမားသည့် ဆုံးရှုံးမှုဟု ဖော်ပြ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ပဒိုနောင်စီဖိုးရာစိန် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သဝဏ်လွှာပေးပို့သည်။

အသက် (၆၉)နှစ်အရွယ်ရှိ KNU ဒုဥက္ကဋ္ဌဟောင်းသည် ဇူလိုင် ၂၄ရက်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

KNU၏ ခေါင်းဆောင်ကောင်း၊ ကရင်လူမျိုးတို့၏ စံပြခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်ခြင်းအပေါ် ကရင်လူမျိုး၊ KNU အဖွဲ့အစည်းအပါအဝင် မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းညိုးငယ်ရသည်ဟု TNLA၏ သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းရှင်းလင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို အားလုံးအတူတကွ ကြိုးပမ်းတည်ဆောက်နေဆဲ ကာလတွင် ရပ်တည်ချက် ခိုင်မာ ပြတ်သားသည့် ခေါင်းဆောင်ကောင်းကို ဆုံးရှုံးရသည်မှာ ဖော်ပြ၍ မရနိုင်သည့် ဆုံးရှုံးမှု ကြီးတစ်ရပ်ဖြစ်သည်ဟုလည်း သဝဏ်လွှာ၌ ပါရှိသည်။

ကရင်အမျိုးသမီးအရေး၊ ကရင်လူမျိုးအရေးတို့အပြင် မြန်မာပြည် အမျိုးသမီးအရေး၊ မြန်မာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအရေးကို KNU ဒုဥက္ကဋ္ဌ နှင့် အထွေထွေ အတွင်းရေးမှူး ဟူသော မြင့်မားသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်၏ ခေါင်းဆောင်မှုကို အမြဲ အောက်မေ့သတိရ နေမည်ဖြစ်ကြောင်း TNLAက သဝဏ်လွှာပေးပို့ခဲ့သည်။

ပဒိုနော်စီဖိုးရာစိန်သည် ၂၀၀၈ မှ ၂၀၁၂အထိ KNU အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၂မှ ၂၀၁၇အထိ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook