Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူတစ်ရပ်လုံး လိုလားသည့် နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည်ပေါ်လာစေရေး တသားတည်းအတူရှိမည်ဟု ညီနောင်သုံးဖွဲ့ ထပ်လောင်းအသိပေး

ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သောညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များ နှင့် အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သောညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များ နှင့် အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နှင့် ရက္ခိုင်(AA) တို့က ယနေ့ ဩဂုတ် ၁၂ရက်တွင် ထုတ်ပြန်သည့် ကျေးဇူးတင်လွှာ၌ အထက်ပါအတိုင်း ထပ်လောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ညီနောင်မဟာမိတ် သုံးဖွဲ့ပါဝင်သော ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သော အောင်မြင်မှု၊ မြို့သိမ်းတိုက်ပွဲများအပေါ် ဂုဏ်ပြုလွှာများ ပေးပို့လာကြသည့် အဖွဲ့အစည်းအသီးသီးနှင့် ဂုဏ်ပြုစကားပါးပေးကြသော လူပုဂ္ဂိုလ် အသီးသီးတို့အား အထူးကျေးဇူးတင်ရှိကြောင်းဖော်ပြထားသည်။

ထို့အပြင် မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ မိမိတို့အဖွဲ့အစည်းတို့အား ထောက်ခံအားပေးကြသော အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးကိုလည်း လေးနက်စွာ ဂုဏ်ပြုကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်များသည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာ ၂၃ရက်တွင် စတင်ခဲ့ရာ ရှမ်းမြောက် ကိုးကန့်နှင့် တအာင်းဒေသရှိ မြို့များ ၊ စစ်ကောင်စီတပ်စခန်းများနှင့် တပ်ရင်းဌာနချုပ်များကို သိမ်းပိုက်နိုင်ခဲ့သည်။

AAကလည်း ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ် ပလက်၀ကို ထိုးစစ်ဆင်ခဲ့ရာ လက်ရှိတွင် ပလက်၀နှင့် ရခိုင်ရှိ မြို့နယ် ၉ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်တပ်စခန်းများအား ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။ ယခုနှစ် ဇွန်လ ၂၅ရက်တွင်လည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်ခဲ့ရာ TNLAနှင့် မဟာမိတ်များက နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ မြို့များကို သိမ်းပိုက်ထားပြီး ကိုးကန့်နှင့် မဟာမိတ်များက လားရှိုးမြို့နှင့် မြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ ရမခ တိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှု ရရှိခဲ့သည့်အပေါ် ကျန်တော်လှန်ရေးအဖွဲ့အစည်းများ ၊ တော်လှန်ရေးအင်အားစုများက ဂုဏ်ပြုကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည့်အပေါ်ညီနောင်သုံးဖွဲ့က ယနေ့တွင် ကျေးဇူးတင်လွှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။