Connect with us

Hi, what are you looking for?

သတင်း

KNUညောင်လေးပင်ခရိုင်အတွင်း ရေကြီးပြီး လယ်ဧကခြောက်သောင်းကျော် ရေနစ်မြှုပ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း ရေဘေးကြုံရမှုကြောင့် စပါးခင်းထက်ဝက်ကျော်မှ စပါးပင်များသေဆုံးခဲ့ကြောင်း ခရိုင်လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဟဲဂေက ပြောသည်။

မူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့်စပါးခင်းနှင့် နေအိမ်များရေမြုပ်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း ရေဘေးကြုံရမှုကြောင့် စပါးခင်းထက်ဝက်ကျော်မှ စပါးပင်များသေဆုံးခဲ့ကြောင်း ခရိုင်လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဟဲဂေက ပြောသည်။

ခရိုင်အတွင်း ရေဘေးအန္တရာယ် ကြုံတွေ့ရမှုနှင့်ပတ်သက်၍ အခက်အခဲရင်ဆိုင်နေရခြင်းအပေါ် ပဒိုစောဟဲဂေ၏ ပြောကြားချက်အား KNUဗဟို Facebookစာမျက်နှာမှတဆင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရေဘေးကို ရက်ရှည်ရင်ဆိုင်နေရသည့် ညောင်လေးပင်ခရိုင်ရှိ ပြည်သူအများစုသည် လယ်လုပ်သူများဖြစ်သည်ဟုဆိုသည်။ စာရင်းများအရ လယ်လုပ်သည့် ပြည်သူ ၈ထောင်ကျော်ရှိပြီး ဧက ၆၁,၇၀၀ ရှိကြောင်း၊ လယ်အများစု ရေနစ်ကုန်ပြီး စာရင်းအရ ဧက ၄၆,၇၀၀မှာ စပါးပင်ပါ သေဆုံးသည့် လယ်များဖြစ်ကြောင်း ခရိုင် လယ်ယာနှင့် စိုက်ပျိုးရေးဌာနမှူးက ပြောသည်။

“လူပေါင်း ရှစ်ထောင်ကျော်က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ရေတောင်မှ အကုန်မကျသေးဘူး။ ဒါတောင် ဒီလောက်စပါးတွေ သေကုန်ပြီ။ ဘယ်လောက်ဆက်ဖြစ်မလဲဆိုတာ က‌ တွေးစရာ ဖြစ်လာတယ်။ တဝက်ကျော်က သေကုန်ပြီ။ ကွင်းဆင်းပြီးကြည့်တဲ့အခါမှာ အချို့အပင်က ပုပ်ဆွေးကုန်ပြီ သုံးလို့ မရတော့ဘူး”ဟု ပဒိုစောဟဲဂေက ပြောသည်။

ခရိုင်အတွင်းရှိ လူဦးရေ ၂သိန်းကျော်သည် လယ်လုပ်ငန်း မှီခိုနေရသူများဖြစ်၍ စပါးပျက်စီးမှုကြောင့် အခက်အခဲများ ပိုများလာကြောင်းပြောသည်။

” အခုပုံစံအတိုင်းဆို လာမည့်နှစ်တွေမှာ အငတ်ဘေးဒုက္ခနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ မြင်တယ်။ ပုံမှန်ဆို ပြည်သူတွေက စပါးစေ့အပိုကို ထားလေ့ရှိတယ်။ သို့သော်လည်း ဒီနှစ်မှာ မိုးလေဝသမမှန်ကန်သောကြောင့် နှစ်ကြိမ်၊ သုံးကြိမ် ကြဲရတဲ့အတွက် စပါးစေ့က ကုန်သွားတာတွေ ဖြစ်ကုန်တယ်။ ဒါကြောင့် သူတို့တွေက စပါးစေ့ထောက်ပံ့ပေးမည့်သူတွေ လိုအပ်နေပြီးတော့ ထွန်ယက်ဖို့အတွက် အင်အားမရှိဘူး”ဟု ပဒိုစောဟဲဂေက ပြောသည်။

လယ်ထွန်စက်ဆီနှင့် စပါးစေ့လိုအပ်ချက်ရှိ၍ KNU ဗဟိုသို့ တင်ပြထားကြောင်း အသိပေးသည်။

” အထက်လူကြီးတွေအနေနဲ့ စာရင်းတွေကိုကြည့်ပြီး တစုံတရာ စီစဉ် ပေးတာတွေ လုပ်ပေးဖို မျှော်လင့်ပါတယ်။ လယ်လုပ်ကိုင်တဲ့သူတွေကို ကူညီချင်တဲ့စိတ်ရှိတဲ့သူ တွေဆိုရင် ကော်သူးလေ လယ်ယာစိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီ:တော့ ထိရောက်မှုုရှိစေရန်အတွက် မြေပြင်မှာ မြေယာကော်မတီတွေရှိတယ် လယ်သမားအသင်းစတဲ့ အဖွဲ့တွေရှိတယ်။ NGO/INGO ဖြစ်စေ အရပ်ဖက်အဖွဲ့ အစည်း တွေအားလုံး ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့ ဒုက္ခကို ဖြေရှင်းနိုင်ပါလိမ့်မယ်”ဟုလည်း ပဒိုစောဟဲဂေက ပြောသည်။

KNU ညောင်လေးပင်ခရိုင်သည် စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှု အားကောင်းသည့် ဒေသဖြစ်၍ စစ်ကောင်စီက ခရိုင်အတွင်း မြို့ရွာများကို လက်နက်ကြီး၊ လေကြောင်း ပစ်မှတ်ထား မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီ၏ အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် စစ်ဘေးကြုံနေရခြင်းအပြင် ရေဘေးပါ ကြုံနေရ၍ အကူအညီများလိုအပ်နေကြောင်း KNU ဗဟိုကလည်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။