Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်တိုက်ခိုက်ခံရပြီး နန်းမယ်ခုံကို စစ်​ကောင်စီဗုံးကြဲ ​ဒေသခံပြည်သူထိခိုက်မှုများ

အာဏာသိမ်း​ခေါင်း​ဆောင်တိုက်ခိုက်ခံရပြီးနောက် ကရင်နီ ပြည်နယ် ၊နန်းမယ်ခုံ​ဒေသကို ယနေ့ (စက်တင်ဘာ ၅)နံနက်အစောပိုင်းတွင် စစ်ကောင်စီ ကလေကြောင်းမှ ဗုံးကြဲ သဖြင့်​ဒေသခံ ပြည်သူများထိခိုက်​မှုများကြောင်း ​ဒေသခံများက​ပြောသည်။

ဗုံးကြဲ တိုက်ခိုက်ခံရပြီး​နောက် နန်းမယ်ခုံတွင် အ​ဆောက်အအုံများပျက်စီး​နေမှု ။ ဓါတ်ပုံ-CJ

ရဲခေါင်/People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင်တိုက်ခိုက်ခံရပြီးနောက် ကရင်နီ ပြည်နယ် ၊နန်းမယ်ခုံ​ဒေသကို ယနေ့ (စက်တင်ဘာ ၅)နံနက်အစောပိုင်းတွင် စစ်ကောင်စီ ကလေကြောင်းမှ ဗုံးကြဲ သဖြင့်​ဒေသခံ ပြည်သူများထိခိုက်​မှုများကြောင်း ​ဒေသခံများက​ပြောသည်။

ယနေ့(စက်တင်ဘာ ၅ ရက်) နံနက် ၉ နာရီခွဲတွင် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ကြားရှိနန်းမယ်ခုံ မြို့ကို ဗုံးကြဲခဲ့ခြင်းဟု သိရသည်။ ​ဒေသခံပြည်သူများ ထိခိုက်မှုများပြီး အ​သေးစိပ်ကိုမူသတင်းမရ​သေး​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“လေကြောင်းက နေ ဗုံးလေးကြိမ်ကြဲသွားတယ်။ ၉ နာရီ ၇ မိနစ်မှာ နန်းမယ်ခုံမြို့ ပတ်ဝန်းကျင်ကို ဗုံး ၃ လုံး စကြဲတယ်။ပြည်သူ ထိခိုက်သေဆုံးမှုရှိတယ်။လေယာဥ်စက်လက်နက်နဲ့ပါပစ်တယ်။နောက်တစ်ကြိမ်က ချယ်ရီကုန်းမှာ ပေါင်၅၀၀ ဗုံးကြဲချတယ်။အဲဒါလည်း ပြည့သူတွေထိတယ် ကြားတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ အပေါ်တွင် ဂျက်ဖိုက်တာ(တိုက်လေယာဥ်)နှစ်စီး နှင့် မနက်အစောပိုင်းက တည်းက ပျံသန်း၍ ပေါင် ၅၀၀ ဗုံးကြဲသွားခြင်းဖြစ်​ကြောင်း ဒီးမော့ဆိုမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

ယမန်နေ့က အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ကရင်နီပြည် ၊လွိုင်​ကော်မြို့သို့လာ​ရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက လူထုနွေဦးသို့ အတည်ပြု​ပြောကြားထားသည်။

တိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ် ထိခိုက်မှုရှိ​သော်လည်း အ​သေးစိတ်​အတည်ပြုရန်ခက်ခဲ​နေ​ကြောင်း ၎င်းကအသိပေးသည်။

တိုက်ခိုက်ခံရ့ပြီး​နောက် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက လွိုင်ကော်မြို့အနောက်ဘက်ရှိဘုရားဖြူ ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအ ခြေအနေကို မသိရသေးပေ။

အာဏာသိမ်း​ခေါင်း​ဆောင်သည် လွိုင်​ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် -ဒကစ (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး ခဲ့သည်ဟု စစ်​ကောင်စီဝါဒဖြန့် သတင်းဌာနဖြစ်​သောMRTV ရုပ်သံက ​ ​ကြေညာခဲ့သည်။ထိုအပြင် မင်းအောင်လှိုင် သည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံခဲ့​သည်ဟုဆိုသည်။ မင်း​အောင်လှိုင်သည် ရှမ်းပြည်နယ်​တောင်ကြီး ၊ထိုမှ ​လေ​ကြောင်းဖြင့် ကရင်နီပြည် လွိုင်​ကော် မြို့ ထိုမှ တဆင့် ကားဖြင့် ရှမ်း​ပြည်တာင်ပိုင်း ဆီဆိုင်​ဒေသသို့သွား​ရောက်ခဲ့​ကြောင်းသိရသည်။

ထို​ကြောင့် KNDF တိုက်ခိုက်မှုမှာ အာဏာသိမ်း​ခေါင်း​​ဆောင်ကိုမူ မထိခဲ့​ကြောင်း​တွေ့ရသည်။

အာဏာသိမ်း​ခေါင်း​ဆောင်က လွိုင်​ကော်မြို့သို့လာ​ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ KNDF ဒုစစ်ဦးစီးချုပ် က “များများလာပေးပါ ကျနော်တို့ လက်နဲ့ အဆုံးသတ်ပေးလိုက်ရတယ်ဆိုတဲ့ သမိုင်းရေးချင်လို့ပါ အဲ့ဒါပဲပြောချင်ပါတယ်” ဟုမှတ်ချက်ပြုသည်။

၁၁.၁၁ စစ်ဆင်ရေးနှင့်အတူ ကရင်နီ ပြည်နယ်၊လွိုင်ကော်မြိို့ကို ကရင်နီတပ်ပေါင်းစုများက သိမ်းပိုက် ထိန်းချုပ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။သို့​သော် ကရင်နီပြည်နယ်အတွင်းရှိ မိုးဗြဲ၊နန်းမယ်ခုံ၊ဒီးမော့ဆို၊ရှားတော၊ရွာသစ်၊မော်ချီး နှင့် မယ်စဲ့ မြို့များကို ကရင်နီတပ်ပေါင်းစုကသိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook