Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့နယ်ဒေသခံများက ပြောသည်။

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့နယ်ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၈ရက်) နံနက်က မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် မြို့အရှေ့ဘက်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။ ထို့နောက် ခင်မကန်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၅၅)နှစ်အရွယ် ဒေါ်ပြုံးဆိုသူသေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မြင်းခြံမြို့သို့ စျေးဝယ်သွားသည့် ရွာကြီးကျေးရွာမှ အမျိုးသမီးနှစ်ဦးလည်း အဆိုပါစစ်ကြောင်း​၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရွာကြီးသူနှစ်ယောက်က စမ်းကျနားမှာ သေဆုံးတာပါ။ သမီးယောင်းမနှစ်ယောက်ပါ။ ရွာလယ်ဘုရားနားကလို့သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးအမျိုးသမီးနှစ်ဦး၏ အသေးစိတ်အချက်အလက်များအား စုံစမ်းနေပြီး လက်တလောမသိရသေးပေ။

ထို့အပြင် မြောက်ကုန်းရွာနှင့် သစ်ပင်ရှည်ကျေးရွာမှ ရွာသား ၂ ဦးကိုလည်း လေးတန်းရွာ၌ မီးရှို့နေသည့် ပျူစောထီးများက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယမန်နေ့ နံနက်၁နာရီခွဲခန့်ကလည်း မြင်းခြံမြို့နယ်၊ ပျားကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထန်းတောထဲကျ၍ အဆောက်အဦးနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက မြင်းခြံမြို့အထွက်၊ မြင်းခြံ-မြို့သာလမ်းပေါ်ရှိ လယ်သစ်ရွာ ပျူစောထီးဂိတ်အား PDFအဖွဲ့များက ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီး ၄ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းခံလိုက်ရသေးသည်။

မြင်းခြံမြို့၌ သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံမြို့ရှိ အမှတ်(၁၅)ခြေမြန်တပ်ရင်း၊ လေးရွာဆုံပျူစောထီးစခန်း၊​ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစစ်ကြောင်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ ထို့အပြင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးသွားပြီး Non CDM ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

Facebook