Connect with us

Hi, what are you looking for?

သတင်း

မင်းမော်ကွန်းပါဝင်တဲ့ ပထမဆုံးတော်လှန်ရုပ်ရှင်

သရုပ်ဆောင် မင်းမော်ကွန်း သရုပ်‌ဆောင်ဆောင်အနေနဲ့ ပထမဆုံးပါဝင်ထားတဲ့ တော်လှန်ဇာတ်ကားကို နိုဝင်ဘာ ၉ ရက် နယူးယောက်မြို့မှာ ပြသမယ်လို့ Helping Hand for Burma -H2B အဖွဲ့ကအသိပေးထားပါတယ်။

ဆဏ်း / People’s Spring

သရုပ်ဆောင် မင်းမော်ကွန်း သရုပ်‌ဆောင်ဆောင်အနေနဲ့ ပထမဆုံးပါဝင်ထားတဲ့ တော်လှန်ဇာတ်ကားကို နိုဝင်ဘာ ၉ ရက် နယူးယောက်မြို့မှာ ပြသမယ်လို့ Helping Hand for Burma -H2B အဖွဲ့ကအသိပေးထားပါတယ်။

‘ဖြတ်’ လို့ အမည်ပေးထားတဲ့ ဇာတ်ကားမှာ မင်းမော်ကွန်း ၊အောင်မြင့်မြတ် တို့နဲ့အတူ အခြားအနုပညာရှင်တွေလည်းပါဝင်ထားပြီး ဒါရိုက်တာ စောဆေးထူးက ရိုက်ကူးထားပါတယ်။

Public Service Announcement

Public Service Announcement

နယူးယောက်မြို့က Walter W.Brige III Theatre မှာ ပြသသွားမှာဖြစ်ပြီး နေ့လည် ၁၂ နာရီခွဲ နဲ့ ၂နာရီခွဲ ပွဲစဉ်နှစ်ခုပြသသွားမှာဖြစ်တယ်လို့ H2B က ကြော်ငြာထားပါတယ်။

“မင်းမော်ကွန်းနဲ့ သရုပ် ဆောင်အဖွဲ့ဝင်များပွဲစဉ်ပြီးတိုင်း ပရိသတ်တွေနဲ့ အွန်လိုင်းကနေတွေ့ဆုံဖို့ အစီ အစဉ်လည်းပါမှာဖြစ်ပါတယ်။ ကိုကျော့်ရဲပထမဆုံး တော်လှန်ရုပ်ရှင်ကို ကြည့်ပြီးအွန်လိုင်းမှတစ်ဆင့် တွေ့ဆုံရမဲ့အခွင့်အရေးကိုလက်မလွတ်စေချင်ပါ။ ” လို့ H2B ကဖိတ်ခေါ်ထားပါတယ်။

မင်းမော်ကွန်းက နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့‌ တွေအတွက် ရန်ပုံ‌ငွေ ရှာတဲ့အစီအစဉ်တွေမှာလည်းည တတ်နိုင်တဲ့ဘက်ကနေပါဝင်ပေးနေသူပါ။

တော်လှန်ရေးအတွက် အနုပညာလက်နက် အမည်နဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေကိုလည်း ဩစတေးလျ နဲ့ ဂျပန်မှာ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ ငွေတွေကို CDM အနုပညာရှင်တွေအတွက် ထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီဆုရတဲ့အပေါ် နယ်ပယ်အသီးသီးက တော်လှန်ရေးမှာ ပါဝင်နေသူတွေက ဝမ်းသာ ဂုဏ်ယူကြောင်း လူမှုကွန်ရက်မှာ မျှဝေထားကြပါတယ်။