Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လားရှိုးမြို့ကို ဗုံးထပ်ကြဲ၊ ပြည်သူ ၉ ဦးထက်မနည်းဒဏ်ရာရ

ဗုံးကြဲခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဖေ့စ်ဘွတ်ခ်

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၄ရက်မနက်အစောတွင် လေကြောင်းမှ ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ည သန်းခေါင်ကျော်( ယနေ့မနက် အစော နံနက် ၁နာရီခွဲခန့်တွင်) စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက်(၂)ရှိ ရထိုက် ဟိုတယ် နှင့် ဖူလီလိုက် ဟိုတယ်ကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး ယနေ့မနက်အစော ၄နာရီ နောက်ပိုင်းတွင် နောက်ထပ် နှစ်ကြိမ်တိုင်တိုင်လားရှိုးမြို့ကို ထပ်မံ ဗုံးကြဲခဲ့သည်ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှု အခြေအနေကို လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ​ဖေစ်ဘွခ် စာမျက်နှာကလည်း ဖော်ပြခဲ့ရာပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးအသုံးပြုခဲ့ဟု အသိပေးသည်။

“အဆောက်အဦအချို့ပျက်စီးပြီး ပြည်သူ (၉ ) ယောက်ထိခိုက်ခဲ့ပြီး အခြေအနေမစိုးရိမ်ရပါဘူး။စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေခဲ့ပါတယ်။” ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကအသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၃၀ရက်၊ စက်တင်ဘာ ၈ရက်၊စက်တင်ဘာ ၉ရက်၊စက်တင်ဘာ ၁၀ ရက်နှင့် စက်တင်ဘာ ၂၁ရက်နေ့များကလည်း လားရှိုးမြို့နှင့် မြို့နယ်အတွင်း နေရာအချို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီဘက်မှ စစ်ရေးပစ်မှတ်မဟုတ်သည့်‌ နေရာများကိုလူသားချင်းစာနာမှုမရှိစွာဖြင့်ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့်အပြင် အသက် အိုးအိမ် စည်းစိမ်များထိခိုက်ဆုံးရှုံးနေရကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ​ဖေစ်ဘွခ်စာမျက်နှာ၌ ရေးသားကာ ပြည်သူများ ထိတ်လန့်တုန်လှုပ်နေကြရသည်ဟု ဖော်ပြထားသည်။

ကိုးကန့်တပ်မတော်(MNDAA)ကလည်း စစ်ကောင်စီက လားရှိုးမြို့အား လေကြောင်း ထပ်မံတိုက်ခိုက်မှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုကိုအလဟဿဖြစ်စေမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ရက် လေကြောင်း တိုက်ခိုက်မှုအပြီး သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။