Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်မှုများကြောင့် လားရှိုးမြို့ခံအချို့ တိမ်းရှောင်

စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့ခံပြည်သူ အချို့ တိမ်းရှောင်မှုများရှိနေသည်။

ယမန်နေ့ညက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည် ကို တွေ့ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့ခံပြည်သူ အချို့ တိမ်းရှောင်မှုများရှိနေသည်။

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ဩဂုတ်လကုန်ပိုင်းမှစ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ တစ်လအတွင်း ဗုံးကြဲတိုက်ခိုက်မှု ၉ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ဦးသေဆုံးကာ ၄၀ဦး ကျော်ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

” လက်ရှိ အခြေအနေကြောင့် လေကြောင်း ဗုံးကြဲမှာ ကြောက်ပြီး တိမ်းရှောင်ကြတဲ့ ပြည်သူ အချို့တော့ ရှိပါတယ်။ အခုလိုလူမဆန်စွာနဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ နေရာတွေကိုပဲ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို မျက်နှာ ပြောင်တိုက် ကျူးလွန်နေတာလို့ပြောချင်ပါတယ်။ ပြည်သူတွေကိုပဲ ထိခိုက်တာမို့ ထပ်ပြီး မကြဲဖို့လည်း တောင်းဆိုချင်ပါတယ်”ဟု လားရှိုးမြို့ခံ မနော်ဖောက ပြောသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ လေကြောင်းရန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များကို လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဖော်ပြထားသည်။

ထို့ပြင် ပိုစတာ၊ ဗီနိုင်များထုတ်ပြီး လိုင်းမမိသည့် နေရာများ၌ ကြေညာပေးရန်ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

လုံခြုံရေးဝန်ထမ်းများနှင့် ကာကွယ်ရေးပိုင်းကလည်း လားရှိုးမြို့လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနှင့်ပတ်သက်ပြီး လုပ်ဆောင်နေမှုများရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုကို အားပြုပြီး လားရှိုးမြို့ ရမခ တိုင်းစစ်ဌာနချုပ် ပြန်ရရေး ကြိုးပမ်းနေမည်ဟုယူဆကြောင်း ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော် ဆန်က ပြောသည်။

“ဖြစ်နိုင်ရင်တော့ လားရှိုးဒေသခံပြည်သူလူထုတွေက ဖြစ်နိုင်ရင်တော့ အခုလောလောဆယ် အတက်နိုင်ဆုံး ဘေးကင်းတဲ့နေရာ ရှောင်တိမ်းနေထိုင်တာ အကောင်းဆုံးလို့ယူဆတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

လားရှိုးမြို့ကို MNDAAက မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်ဇူလိုင်လအတွင်းက ပြည်သူများစစ်ဘေးတိမ်းရှောင်နေခဲ့ရပြီး ဩဂုတ်လဆန်းတွင် မြို့ကို MNDAAက အပြီးသတ်သိမ်းပိုက်ပြီးနောက် နေရပ်သို့ ပြန်လာကြသည့် မြို့ခံများ ရှိခဲ့သည်။

MNDAAက လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီက စက်တင်ဘာ ၂၁ရက်မှစ၍ လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေ့စဉ်လိုလို ဖျက်အားပြင်းဗုံးများ အသုံးပြု ဗုံးကြဲတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook